Chapter – 55 “ကျွန်မလုပ်ပါ့မယ်”
“နောင်ကြီးဖန် . . . ရှင်ရူးနေတာတော့ မဟုတ်ပါဘူးနော် . . .”
ဝမ်ရမ်ချူးချူး မျက်နှာပျက်ယွင်းစွာဖြင့် မေးလိုက်သည်။
“ဘာ . . .”
ရဲရှောင်မှာ အံ့သြဟန်ဖြင့် အသံထွက်လိုက်မိသည်။ သူ၏ မျက်လုံးများကအစ အလွန်ရိုးသား ဖြူစင်နေပါသည်။
“ရှင် . . .”
ဝမ်ရမ်ချူးချူး သွေးအန်မတတ် ဖြစ်သွားသည်။
“ရှင်က ယောကျာ်းနဲ့ မိန်းမကြားက ကွာခြားချက်ကို မစဉ်းစားမိဘူးလား။ ရှင်ပြောပုံတွေက . . . ကျွန်မ ဘယ်လိုလုပ်ပြီး . . .”
သူမအနေဖြင့် ဆက်၍ ပြောဆိုရန် အလွန်ရှက်နေပုံပင်။
ရဲရှောင်လည်း နောက်ဆုံးမှာတော့ နားလည်သွားဟန်ဖြင့် -
“ဒါ . . .”
ရဲရှောင် တခဏမျှ ဆွံ့အသွားသည်။ ရုတ်တရက်ဆိုသလို ရှက်သွားသလိုလည်း ခံစားလိုက်ရလေ၏။ ထို့ကြောင့် ချောင်းတစ်ချက် နှစ်ချက်ခန့် ဟန့်လိုက်ပြီး -
“ငါ . . . ငါဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်းပန်ပါတယ်။ အဟွတ် . . . ငါသိပ်ပြီး မစဉ်းစားလိုက်မိဘူး။ ငါ့ကို ခွင့်လွှတ်ပေးပါ။ ငါ့တဘဝလုံးမှာ ဘယ်မိန်းကလေးကိုမှ မထိခဲ့ . . . အဲဒါကြောင့် ဒီလိုမျိုး မတွေးတောမိဘဲ ပြောလိုက်မိတာပါ။ ငါထင်နေတာက မင်းလည်း ပညာရှင်တစ်ယောက်ပဲဆိုတော့ ဒီလောက်ကို ဘာမှ မဖြစ်ဘောက်ဘူး ထင်လို့ပါ . . .”
ရဲရှောင် ရှက်ရှက်ဖြင့် ရှင်းပြလိုက်သည်။
ယခုကဲ့သို့ အထစ်ထစ်အငေါ့ငေါ့ဖြစ်ခြင်းသည် ရှောင်ဧကရာဇ်အဖို့ ပထမဆုံးအကြိမ်ပင်ဖြစ်ပြီး ပထမဆုံးအကြိမ် ရှက်ရွံ့မိခြင်းလည်း ဖြစ်ပါသည်။
သူ့အနေဖြင့် အမှန်တိုင်းပင် သူ့ခံစားချက်ကို ပြောလိုက်ခြင်းဖြစ်ပြီး လိမ်ညာ၍ ပြောဆိုလိုက်မည် ဆိုပါက ပို၍ပင် ဆိုးသွားနိုင်သည် မဟုတ်ပါလား။
ရဲရှောင်မှာ ထိုရှုထောင့်ကို လုံး၀ မတွေ့မိခဲ့ချေ။
(ငါက မင်းရဲ့ ဒုက္ခကို ကယ်တင်ပေးဖို့ ပြောတာပါ . . .)
BINABASA MO ANG