အပိုင်း(၃၂)
ကျီရှောင်အုံး ဆူဇန်နာ ရဲ့အသံကို ယောင်ဝါးဝါးလေး ပြန်မှတ်မိလိုက်ခဲ့တယ်။
ရမ်က ငါးစွပ်ပြုတ် ချက်တုန်းက သူမမီးဖိုချောင်ကို ငှားသုံးခဲ့လိုက်တာပဲ။ ကျီရှောင်အုံးက သူမက ရမ့်ရဲ့အမျိုးသမီးထဲမှာ တစ်ဦးဟု ထင်လိုက်ခဲ့တာဖြစ်တယ်။
အဲဒီအချိန်တုန်းက သူတို့တွေ အပြန်အလှန်စကားပြောတာကို သူမ မကြားရတာက သူမတို့ကြားမှာ ပျဉ်ချပ်တွေ ခံနေတာကြောင့်နေမှာလို့ သူမ ထင်လိုက်ခဲ့သေးတယ်..... ဒါပေမဲ့ အခုကျတော့မှ . .
"သူ့ကို ကျားသစ်ဘာသာစကားကို မြန်မြန်တတ်အောင် သင်ပေးလိုက်"
ရမ်က ဆူဇန်နာ ကိုပြောလိုက်ပေမယ့် ကျီရှောင်အုံးကတော့ အဲဒါက ဘာပြောလိုက်မှန်းတောင် နားမလည်လိုက်ပေ။
သူမ အမြဲတမ်း တွေးထင်နေခဲ့တာကတော့ ကျားသစ်မျိုးနွယ်တွေက အီရစ် တို့မျိုးနွယ်လိုမျိုး လူသားဘာသာစကားကို သုံးတာလို့ပင်။
သူတို့တွေမှာ သူတို့ရဲ့ ကိုယ်ပိုင်ပြောနည်းပြောဟန်တွေရှိပေမဲ့လဲ သူမက ရမ် တစ်ယောက်တည်းနဲ့သာ ပြောဆိုဆက်ဆံခဲ့ရပြီး သူမ အဆင်ပြေစေဖို့အတွက် ရမ် က လူ့သားဘာသာစကားကို အမြဲအသုံးပြုခဲ့တာပဲဖြစ်၏။
ရမ် ထွက်သွားပြီးတော့ ဆူဇန်နာက ကျီရှောင်အုံး ကို စိုက်ကြည့်လိုက်ခဲ့ပါတယ်။
ဆူဇန်နာက သူမပါးစပ်ကိုဖွင့်လိုက်ပြီး စကားတစ်ခွန်းပြောလိုက်ပေမဲ့ ကျီရှောင်အုံး နားမလည်နိုင်ခဲ့ပါဘူး။ သူမက သူမ ခေါင်းကို ဘေးသို့ လွှဲဖယ်လိုက်ပြီး ပဟေဠိဖြစ်စွာ ကြည့်လိုက်ခဲ့ပါတယ်။
ဆူဇန်နာ၏အမြီးက သူမနောက်တွင် ပျော့ပြောင်းစွာ လွှဲရမ်းလိုက်ပြီး ကျီရှောင်အုံးအား အရင်ထိုးညွှန်လိုက်ပြီး အဲဒီနောက် ကမူဒါရွာရဲ့ ဆင်ခြေဖုံးအိမ်တွေဆီသို့ ညွှန်ပြလိုက်တယ်။ ပြီးတော့ သူမ ထပ်မေးလိုက်ခဲ့၏ "နင့် မျိုးစိတ်က ဘာလဲ။ နင့် မျိုးနွယ်စုက ဘယ်မှာလဲ"
YOU ARE READING
ကြင်နာတတ်တဲ့ သားရဲကောင်လေး [Myanmar Translation- Completed✓]
Fantasyမတူညီတဲ့လောကတစ်ခုသို့ ဖြတ်သန်းလာမိတဲ့ကောင်မလေးတစ်ယောက်က ဒဏ်ရာရနေတဲ့တိရစ္ဆာန်လေးတစ်ကောင်ဆီ တိုးဝင်မိရာမှ။ သူမ ထင်တာက လုံးဝအန္တရာယ်မပေးနိုင်ဘူးပေါ့။ သူမ လုံးဝမမျှော်လင့်တာက သူက ကြီးပြင်းလာပြီးတော့ ဒီကမ္ဘာရဲ့အရက်စက်အကြမ်းကြုတ်ဆုံးသားရဲတစ်ကောင်ဖြစ...