အပိုင်း (၄၀)
ကမူဒါတောင်ကြားက အသားစားမျိုးစိတ်များစွာဖြင့် နေထိုင်ကြပြီး အသံဗလံများ မကြာခဏ ကြားရလေ့ရှိတာပင်။ အစပိုင်းတွင်တော့ ဆူဇန်နာက ဂရုမစိုက်ခဲ့ပေ။ ယုတ်စွအဆုံး အသံက ပိုပို နီးကပ်လာသည်အထိကနေ သူတို့တတွေက ကျားသစ်မျိုးနွယ်စုနယ်ပိုင်နက်ကနေ တည့်တည့်ရောက်လာခဲ့သလို ရောက်လာလုနီးပါးဖြစ်နေခဲ့အထိဖြစ်၏။ အသံတွေက များစွာကြားနေခဲ့ရပြီး ချိုင့်ဝှမ်းတစ်ခုလုံး လှိုက်သံပါကာ တုန်ခါသွားခဲ့၏။
ဆူဇန်နာ နားတွေက လှုပ်လှုပ်ရွရွဖြစ်သွားလိုက်ပြီး သူမ နီးနီးကပ်ကပ် နားထောင်လိုက်တယ်။ သူမမျက်နှာက လျင်မြန်စွာ ဖြူဖျော့သွားလိုက်ပြီး သူမနောက်မှ ကျီရှောင်အုံး အား ပြောလိုက်တယ်။ "ငါနဲ့ မျိုးနွယ်စုကို ပြန်သွားကြမယ်။ အစွယ်ကွေးကျားတွေ လာနေကြပြီ!"
အသားစားမျိုးစိတ်တွေက သားရဲတိုင်းရဲ့အသံတွေနဲ့ ရင်းနှီးကြတာပဲဖြစ်တယ်။ ဝမ်းတွင်းပါတဲ့ ပင်ကိုဗီဇကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။
ကျီရှောင်အုံး က ဆူဇန်နာ့စကားကို နားမလည်လိုက်သော်ငြားလည်း အဝေးကလာတဲ့ သားရဲတိရစ္ဆာန်များ၏ ဟောက်ဟိန်းသံကို သူမ ကြားခဲ့လိုက်တယ်၊ သူမခန္ဓာကိုယ် တောင့်တင်းသွားပေမဲ့ သူမ ဆူဇန်နာ၏ ခြေလှမ်းအတိုင်း ချက်ချင်းပဲ နောက်ကနေ လိုက်ပါသွားခဲ့တယ်။
"ဒီကေင်စုတ်တွေ ဒီကို ဘာလာလုပ်ကြတာလဲ" ဆူဇန်နာ က အနောက်ကို ပြန်လျှောက်လာရင်း မကျိန်ဆဲဘဲ မနေနိုင်တော့ချေ။
ကျားတွေက ဆယ်မိုင်အကွာမှာ ရှိတဲ့ ရာမိုစ် တောင်ကြားတွင် နေထိုင်ကြတာပဲဖြစ်တယ်။ လူမျိုးစုနှစ်ခုကြားတွင် အပြန်အလှန်ဆက်သွယ်မှု မရှိသလောက်ဖြစ်၏။
သစ်ပင်အုပ်တွေထဲ သူတို့ ရောက်ရှိလာတာ သူမတို့အတွက် ကောင်းကျိုးတစ်စက်လေးမှ ရှိမှာမဟုတ်ဘူးပဲ။
ဒါက အစွယ်ကွေးကျားတွေက အမှန်တကယ်ကို ပြဿနာလာရှာတယ်ဆိုတာ သက်သေပြနေတာပဲမလား။
နောက်ဆုံးအကြိမ်တုန်းက ရမ် က ရာမို့စ် တောင်ကြားသို့ မျိုးနွယ်စုအား ဦးဆောင်ခေါ်သွားခဲ့ပြီး သူတို့မျိုးနွယ်စုကနေ (အစွယ်ကွေးကျားမျိုးနွယ်) သူတို့ သားကောင်တွေကို လုယက်သွားရုံသာမက မိန်းမပျိုအများစုကိုလည်း ကယ်တင်လာလိုက်ခဲ့တယ်။ ဒါက ကျားမျိုးနွယ် ခေါင်းဆောင် စရန့် ကို အလွန်တရာ ဒေါသထွက်သွားစေခဲ့တာပဲဖြစ်တယ်။
ESTÁS LEYENDO
ကြင်နာတတ်တဲ့ သားရဲကောင်လေး [Myanmar Translation- Completed✓]
Fantasíaမတူညီတဲ့လောကတစ်ခုသို့ ဖြတ်သန်းလာမိတဲ့ကောင်မလေးတစ်ယောက်က ဒဏ်ရာရနေတဲ့တိရစ္ဆာန်လေးတစ်ကောင်ဆီ တိုးဝင်မိရာမှ။ သူမ ထင်တာက လုံးဝအန္တရာယ်မပေးနိုင်ဘူးပေါ့။ သူမ လုံးဝမမျှော်လင့်တာက သူက ကြီးပြင်းလာပြီးတော့ ဒီကမ္ဘာရဲ့အရက်စက်အကြမ်းကြုတ်ဆုံးသားရဲတစ်ကောင်ဖြစ...