အပိုင်း (၅၄)

1.1K 129 1
                                    

 အပိုင်း (၅၄)

"ဟင့်အင်း မကောင်းသေးဘူး" ကျီရှောင်အုံးက ခြုံစောင်ကို သူမလက်ချောင်းများဖြင့် တင်းတင်းကျပ်ကျပ်ဆုပ်ထားလိုက်ကာ လိမ်ပြောလိုက်ခဲ့တယ်။

သူမရဲ့ ရာသီစက်ဝန်းက သိပ်အကြာကြီးမဟုတ်ဘဲ သုံးရက် လေးရက်လောက်သာ ကြာမြင့်တတ်ပြီး မနေ့ညကတည်းက ပြီးသွားခဲ့တာဖြစ်တယ်။

သို့ပေမဲ့ သူမ ဒီလိုဖြေလိုက်ခဲ့တာကတော့ ရမ်က သူ့ကို လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ချက်နဲ့ပေါ့။

ကံမကောင်းတာက သူကတော့ မလွှတ်ပေးခဲ့ပါချေ။

ရမ်၏ ရှည်လျားတဲ့လက်သည်းတွေက သူမဘောင်းဘီအစွန်းတွင် ကပ်ညှိသွားလိုက်ပြီး အောက်ကိုဆွဲချဖို့ အနည်းငယ်လေး ဖိလိုက်ခဲ့ကာ "ဟုတ်လား။ ကိုယ်ကြည့်ပါရစေဦး"

တိရိစ္ဆာန်တစ်ကောင်၏ အနံ့ခံအာရုံက အမြဲလိုလို ထိလွယ်ရှလွယ်ဖြစ်ပြီး ကျီရှောင်အုံး၏ ခန္ဓာကိုယ်တွင် သွေးနံ့တွေ မရှိတော့တာ ရမ် သေချာနေလေတယ်။ မနေ့ကတည်းက မွှေးပျံ့တဲ့ရနံ့တွေ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတာ။ ဒီမနက်မှာတော့ အဲဒါက လုံးလုံးပျောက်သွားတာပဲ။

အရင်ကတော့ သူမကို သူ စိတ်ပူနေရတာပင်၊ သူမက တစ်ချက်ထိရုံနဲ့ သွေးထွက်နေတာမို့ သူ သူမကို မလှုပ်ရှားခိုင်းရဲပေ။ အခုကျတော့ သူမရဲ့ အဲဒီ "ဒဏ်ရာ"က ကောင်းသွားပြီမို့ ရိုးရိုးရှင်းရှင်း

အနမ်းတစ်ခုက သူ့အား မကျေနပ်စေနိုင်တော့ဘူးပဲ။ သူ သူမကို ဒီထက်ဒီထက် ပိုမိုနက်နက်ရှိုင်းရှိုင်း ထိတွေ့ချင်နေလေပြီ၊ သူမဆီ ကျူးကျော်ဝင်ရောက်ချင်နေလေပြီ သူမနဲ့ ကိုယ်လက်နှီးနှောနေချင်နေလေပြီ။

သူ့လက်ချောင်းထိပ်တွေက နွေးထွေးနေပြီး သူမရဲ့နူးညံ့တဲ့အသားအရေပေါ် သူ့ရဲ့တိုက်ရိုက်ထိတွေ့မှုကို နှောက်ယှက်တဲ့ ရာသီသွေးဆင်းခြင်းက အခု မရှိတော့ပေ။

ရမ်က မျက်စိကိုမှေးစင်းလိုက်ပြီး သူ့လျှာက ပြင်းပြတဲ့ အလိုဆန္ဒတွေ ပြည့်နှက်နေခဲ့တယ် "ကိုယ့်ကို လိမ်ပြောတယ်ပေါ့လေ ဟမ်"

ကြင်နာတတ်တဲ့ သားရဲကောင်လေး [Myanmar Translation- Completed✓]Tempat cerita menjadi hidup. Temukan sekarang