အပိုင်း (၅၆)
". . ."
သူမ အဆင်သင့်မဖြစ်သေးဘူးလို့ ပြောထားတာကို သူမမှာ အပြစ်ရှိသလိုခံစားရကာ သူ့မြင်ကွင်းကနေ ပုန်းအောင်းဖို့ အလုအယက်ကြိုးစားလိုက်ခဲ့တာကို ကျီရှောင်အုံး သတိရသွားလိုက်တယ်။
ရမ်က သူ့ကို လှည့်ကြည့် လှည့်ကြည့်လုပ်နေတဲ့ သူမကို မသင်္ကာသလို ကြည့်လိုက်ကာ မေးလိုက်တယ်။ "မျိုးနွယ်စုက လူတွေက ပြောတယ် မင်း ရွှံနွံတောဘက် သွားခဲ့တယ်ဆို"
စိမ့်မြေရွှံ့တောက ဝံပုလွေမျိုးနွယ်နဲ့ ခြားနားထားတဲ့ နယ်နိမိတ်စည်းဖြစ်၏။
ကျီရှောင်အုံးက ရိုးသားစွာ ခေါင်းညိတ်လိုက်တယ်။
"မင်း ဘာလုပ်ဖို့ သွားတာလဲ" ရမ်က သူမရဲ့ ရေချိုးပြီးကာစ နူးညံ့တဲ့မျက်နှာလေးကို ကြည့်ရှုဖို့ ကျီရှောင်အုံး ဆီသို့ လျှောက်လာလိုက်တယ်။
ကျီရှောင်အုံး တုံ့ဆိုင်းသွားတော့တယ်။ သူမ ဟိုလ်ဒန် ကိုတွေ့ခဲ့တယ်လို့ ပြောရမလား မပြောပြရင်ကောင်းမလား မသိဖြစ်သွားလိုက်တယ်။ သူမ ခဏလောက် တွေးပြီး ဘာမှ ပြန်မပြောတော့ဘဲ "ငါ..... ငါ ယမ်းမှုန့်အသစ်ကို စမ်းသပ်ဖို့ သွားခဲ့တာ။ အဲဒီက စိမ့်မြေရွှံ့တောက ယမ်းမှုန့်ရဲ့ စွမ်းအားကို လေ့လာကြည့်ဖို့ သင့်တော်လို့"
ရမ် က ခဏလောက် နှုတ်ဆိတ်သွားလိုက်ပြီးတော့ မေးလိုက်တယ်။ "ဘာကျန်သေးလဲ"
'ရှိသေးတယ်....'
ကျီရှောင်အုံးက သူမနှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ခေါင်းကို တွင်တွင် ခါလိုက်တယ် "မရှိတော့ဘူး"
ရမ်၏ မျက်လုံးပြာများက နက်မှောင်သွားလိုက်ပြီး သူ ကျီရှောင်အုံးရဲ့ လည်တိုင်ဆီ နီးကပ်လာလိုက်တယ်။ သူ့နှာခေါင်းဖျားက သူမလည်ပင်းကို ပွတ်တိုက်သွားလိုက်ပြီး သူမကို သတိပေးလိုက်တယ်။ "နောက်တစ်ခါ မင်းကိုယ့်ကို လိမ်ပြောမယ်ဆို မင်းအပေါ်က တခြားယောက်ျားတွေရဲ့ အနံ့တွေကို ပြောင်အောင် ဆေးကြောလိုက်ဦး"
ကျီရှောင်အုံးရဲ့ မျက်နှာက ဖြူဖတ်ဖြူရော့ဖြစ်သွားလိုက်ကာ သူမမျက်လုံးတွေက ပြူးကျယ်သွားတော့တယ်။
KAMU SEDANG MEMBACA
ကြင်နာတတ်တဲ့ သားရဲကောင်လေး [Myanmar Translation- Completed✓]
Fantasiမတူညီတဲ့လောကတစ်ခုသို့ ဖြတ်သန်းလာမိတဲ့ကောင်မလေးတစ်ယောက်က ဒဏ်ရာရနေတဲ့တိရစ္ဆာန်လေးတစ်ကောင်ဆီ တိုးဝင်မိရာမှ။ သူမ ထင်တာက လုံးဝအန္တရာယ်မပေးနိုင်ဘူးပေါ့။ သူမ လုံးဝမမျှော်လင့်တာက သူက ကြီးပြင်းလာပြီးတော့ ဒီကမ္ဘာရဲ့အရက်စက်အကြမ်းကြုတ်ဆုံးသားရဲတစ်ကောင်ဖြစ...