အပိုင်း (၇၄)
ရမ် အနည်းငယ်လေး အေးခဲသွားခဲ့တယ် အဲဒီနောက် သူ ကျီရှောင်အုံး၏ မျက်နှာလေးကို ပင့်တင် လိုက်ပြီး ပန်းနုရောင် နှုတ်ခမ်းသားလေးတွေကို ညင်သာစွာ ပွတ်သပ်လိုက်ခဲ့ကာ "မင်း ဘာတွေ ဒီလောက်တောင် စိုးရိမ်နေရတာလဲ"
ကျီရှောင်အုံး သူ့ရင်ခွင်ထဲကို လေမတိုးနိုင်လောက်အောင် တိုးဝှေ့ပူးကပ်ခဲ့လိုက်ပြီး ရိုးရိုးသားသားပင် ဝန်ခံလိုက်ခဲ့တယ်။ " လှေကားထစ်မှာ ကျားသစ်တစ်ကောင်နဲ့ တိုးမိတယ်လို့ လူတွေ ပြောနေကြတာ ငါကြားလို့ အဲဒါ နင်လို့ ငါ ထင်လိုက်တာ..."
ရမ် ပြုံးရယ်လိုက်ပြီး လန့်သွားတဲ့ ကောင်မလေးကို ချော့မြူပေးလိုက်တယ် "အဲဒီအရှုးတွေနဲ့ ကိုယ့်ကို မရောထွေးသွားနဲ့လေ"
"ဒါပေမယ့် ငါ နင့်ကို စိတ်ပူတယ်လေ" ကျီရှောင်အုံး သူမကိုယ်ကို တည့်မတ်လိုက်တော့ သူမနံဖူးက သူ့ပုခုံးနဲ့သွားတိုက်မိလိုက်တယ်၊ သူမကိုယ့်ကိုယ်ကိုယ် ပြန်ပြောလိုက်တယ် "ငါ နင့်ကို နောက်ထပ် ခေါ်မလာတော့ဘူး၊ ဒီနေရာမှာ အရမ်းအန္တရာယ်များတယ်..."
ရမ် မျက်လုံးများက ကျဉ်းမြောင်းသွားလိုက်ပြီး သူမစကားတွေကို ပြန်ထောက်လိုက်တယ်။ "နောက်ထပ် ရှိသေးတာလား"
"... " ကျီရှောင်အုံး ဆို့နင့်သွားတော့တယ်။ သူမ ထွက်သွားဖို့ တောင်းဆိုခဲ့ပေမဲ့လည်း သူ စာသင်နှစ်တိုင်း ကျိန်းသေပေါက် ပြန်လာဖို့လိုတာပဲ၊ သူမ အဲဒါကို ရမ်နဲ့ဆွေးနွေးဖို့ အချိန်မရလိုက်ဘူးပဲ။
ကျီရှောင်အုံး သူမကိုယ်သူမ ခုခံကာကွယ်ဖို့ ကြိုးစားလိုက်တယ်။ "ဘာလို့ဆို ငါ့စာလေ့လာမှုတွေက မပြီးသေးဘူး.... တကယ်လို့ ငါ ပြန်မလာခဲ့ရင် ငါ့ကို ကျောင်းထုတ်တာခံရလိမ့်မယ် အဲဒါကြောင့်..... ငါ စာသင်နှစ်တိုင်း မဖြစ်မနေ ပြန်လာဖို့လိုတယ်"
ရမ် အဓိကအချက်ကို လျင်မြန်စွာ နားလည်လိုက်ခဲ့ပြီး "ဒါဆိုလည်း အထုတ်ခံလိုက်ပေါ့"
"မရဘူး" ကျီရှောင်အုံး ကတိုက်ကရိုက် သူမခေါင်းကို ခါရမ်းလိုက်တယ်။ "တကယ်လို့ ငါ့မိဘတွေ သိသွားရင် သူတို့ ဒေါသထွက်လိမ့်မယ်"
ŞİMDİ OKUDUĞUN
ကြင်နာတတ်တဲ့ သားရဲကောင်လေး [Myanmar Translation- Completed✓]
Fantastikမတူညီတဲ့လောကတစ်ခုသို့ ဖြတ်သန်းလာမိတဲ့ကောင်မလေးတစ်ယောက်က ဒဏ်ရာရနေတဲ့တိရစ္ဆာန်လေးတစ်ကောင်ဆီ တိုးဝင်မိရာမှ။ သူမ ထင်တာက လုံးဝအန္တရာယ်မပေးနိုင်ဘူးပေါ့။ သူမ လုံးဝမမျှော်လင့်တာက သူက ကြီးပြင်းလာပြီးတော့ ဒီကမ္ဘာရဲ့အရက်စက်အကြမ်းကြုတ်ဆုံးသားရဲတစ်ကောင်ဖြစ...