အပိုင်း (၄၇)
ဘာကြီး?!
ထိုမှတ်ချက်စကားက အုတ်အော်သောင်းနင်းဖြစ်သွားစေခဲ့၏။
ရမ်က သူတို့မျိုးနွယ်စုရဲ့ ရာစုနှစ်ရှည်ကြာနေတဲ့ စည်းမျဉ်းဥပေဒေတွေကို ပြောင်းလဲချင်တယ်တဲ့လား??
ဒီလိုဆို မိန်းမပျိုတွေကို မျှဝေမခံစားလို့ ရမှာမဟုတ်တော့ပဲ မိန်းမပျိုတစ်ယောက်က ယောက်ျားတစ်ယောက်ထဲကပဲ မျှဝေခံစားရတော့မှာပေါ့။ ကျန်တဲ့ အမျိုးသားတွေကကော??
"ခေါင်းဆောင် ငါ ဒါကိုကန့်ကွက်တယ်" ခေါရီက အားလုံးကိုယ်စား ပထမဦးဆုံး စကားစပြောသူဖြစ်တယ်။ "မိန်းမပျိုတွေကို ဘယ်လိုခွဲဝေပေးမှာလဲ။ မရှိတဲ့သူတွေကျတော့ရော ဘယ်လိုလုပ်မှာလဲ။ ဘယ်လိုမျိုး မျိုးဆက်ပွားကြမှာလဲ"
အခြားသူများက စကားထ မပြောကြပေမဲ့ သူတို့တတွေ ခေါရီ၏ ပြောဆိုချက်ကို အသိသာကြီး သဘောတူနေကြ၏။
သူတို့တတွေ ရယူခြင်းကို ကျင့်သားရနေကြပေမဲ့ အခြေခံအကျဆုံး မူလဇစ်မြစ်ဖြစ်တဲ့ 'ပိုးပန်းခြင်း' အားမေ့လျော့နေကြတာပင်။
ဘယ်အမျိုးသမီးကမှ သူတို့အတွက် မွေးဖွားလာတာမဟုတ်။ တစ်ဦးတစ်ယောက်ကမှ အဲဒီလိုလုပ်ဖို့အတွက် တောင်းဆိုဖို့ သူတို့ ခွင့်မပြုထားပါပေ။ ဘယ်သူ့ရဲ့ အရည်အချင်းက ကြီးမြတ်၍ ဘယ်သူက သန်မာပါသနည်း၊ ထိုသို့သော ယောက်ျားပျိုမျိုးကိုသာ မိန်းမပျိုတစ်ဦးက ဧကန်မုချ ဆန္ဒရှိပေလိမ့်မည်။
"ယောက်ျားပျိုတိုင်းက အိမ်ထောင်ဖက်တစ်ယောက်ကို ရွေးချယ်ဖို့ အရည်အချင်းရှိရမယ်" ရမ်၏ အောရှသောအသံက အခြားသူများကြားတွင် ဟိန်းထွက်လာလိုက်၏။
"မင်းတို့လိုချင်တဲ့မိန်းမပျိုကို တောင်းဆိုဖို့ အကြီးအကဲတွေကို စာရင်းသွင်းဖို့ သွားတွေ့လိုက်။ တကယ်လို့ နောက်ထပ်တစ်ယောက်ကလည်း တူညီတဲ့ မိန်းမပျိုအပေါ် မျက်စိကျလာခဲ့ရင် မင်းက သူ့ကိုအနိုင်ယူပြီးတော့ အဲဒီမိန်းမပျိုကလည်း မင်းကို ခေါင်းညိတ်ပြရင် သူမက မင်းတစ်ယောက်တည်းအတွက်ပဲ ဖြစ်လိမ့်မယ်။"
أنت تقرأ
ကြင်နာတတ်တဲ့ သားရဲကောင်လေး [Myanmar Translation- Completed✓]
خيال (فانتازيا)မတူညီတဲ့လောကတစ်ခုသို့ ဖြတ်သန်းလာမိတဲ့ကောင်မလေးတစ်ယောက်က ဒဏ်ရာရနေတဲ့တိရစ္ဆာန်လေးတစ်ကောင်ဆီ တိုးဝင်မိရာမှ။ သူမ ထင်တာက လုံးဝအန္တရာယ်မပေးနိုင်ဘူးပေါ့။ သူမ လုံးဝမမျှော်လင့်တာက သူက ကြီးပြင်းလာပြီးတော့ ဒီကမ္ဘာရဲ့အရက်စက်အကြမ်းကြုတ်ဆုံးသားရဲတစ်ကောင်ဖြစ...