အပိုင်း(၅၃)
(T/N- *တစ်ခုပါ )
ကျီရှောင်အုံး အလိုအလျောက်တုံ့ပြန်၍ ခေါင်းရှောင်လိုက်ခဲ့ပါတယ်။
သူ့လျှာပေါ်ရှိ အဆူးတွေကြောင့် နောက်ရက်တွေအများကြီး သူမ ဘယ်လောက်တောင် နာနေခဲ့ရလဲဆိုတာ သူမ မှတ်မိနေတာပဲလေ။
ဒါပေမယ့် သူမ သူ့ခွန်အားနဲ့ မယှဉ်နိုင်သလို သူမရဲ့ တစ်ကိုယ်လုံးက သူ့ထိန်းချုပ်မှုအောက် ရောက်သွားခဲ့ပြီး သူ့ကို ကြိုဆိုဖို့ သူမပါးစပ်လေးကိုသာ ဖွင့်လှစ်လိုက်ရတယ်။
ပြီးခဲ့တဲ့တစ်ခေါက်က ကြိုးပမ်းအားထုတ်မှုကြောင့် ဖြစ်နိုင်လေတယ်၊ ရမ်တစ်ယောက် ပိုကျွမ်းကျင်မှုရှိလာခဲ့ပါတယ်၊ ဘာလို့ဆို သူ့လျှာဖျားက ကျီရှောင်အုံးရဲ့နူးညံတဲ့ လျှာပတ်ချာလည်ကို ရစ်ပတ်ကာ သူ့ပါးစပ်ထဲသို့ စုပ်ယူလိုက်ခဲ့လို့ပါပဲ။
သူ့ရင်ခွင်ထဲက ကလေးလေးက တွန့်သွားမှန်း သိလိုက်ရတဲ့ ရမ်က သူ့လက်ဖဝါးနဲ့ သူမခေါင်းရှေ့ပိုင်းကို ဆုပ်ကိုင်လိုက်ပြီး သူမမေးစေ့ကို ပင့်မြှောက်စေလိုက်တယ်။ သူမကို ခြစ်မိထားတဲ့နေရာလေးကိုလည်း သူ အသာအယာ လျက်လိုက်ပြီး ခဏအကြာတွင်တော့ ကျီရှောင်အုံးရဲ့တောင့်တင်းနေတဲ့ ခန္ဓာကိုယ်က နောက်ဆုံးတွင် ပြေလျော့သွားတော့တယ်။။
ရမ်က တမင်တကာကို အားပျော့ပျော့ပဲ သုံးထားတာမို့ ကျီရှောင်အုံး တကယ်တမ်းကျ သိပ်မနာလိုက်ခဲ့တော့ပေ။
သွားတိုက်တံ အကြီးကြီးတစ်ချောင်းလို ပျော့ပျောင်းပြီး မာကျောတဲ့အမွေးအမှင်တွေက သူမလျှာကို ဖြတ်ကာ လှဲကျင်းသွားလိုက်ခဲ့တယ်။ ယားယံပြီး စပ်ဖျဉ်းဖျဉ်းနဲ့ အနည်းငယ်လေး နာရပေမဲ့လည်း သူမ ခံနိုင်ရည်ရှိနေဆဲဖြစ်တယ်။
ကျီရှောင်အုံး အနမ်းခံနေရတာကနေ အနည်းငယ် အသက်ရှူကျပ်သွားလိုက်ပြီး သူမ မျက်ခုံးရိုးတွေက အနည်းငယ် ကြုတ်သွားလိုက်ကာ ခုခံစွာနဲ့ တအင့်အင့် ညည်းညူလိုက်တယ်။
ရမ်က သူမကို ခဏလောက် လွှတ်ပေးလိုက်ပြီး အဲဒီနောက် နောက်ထပ် ထပ်နမ်းလိုက်ပြန်တယ်။
YOU ARE READING
ကြင်နာတတ်တဲ့ သားရဲကောင်လေး [Myanmar Translation- Completed✓]
Fantasyမတူညီတဲ့လောကတစ်ခုသို့ ဖြတ်သန်းလာမိတဲ့ကောင်မလေးတစ်ယောက်က ဒဏ်ရာရနေတဲ့တိရစ္ဆာန်လေးတစ်ကောင်ဆီ တိုးဝင်မိရာမှ။ သူမ ထင်တာက လုံးဝအန္တရာယ်မပေးနိုင်ဘူးပေါ့။ သူမ လုံးဝမမျှော်လင့်တာက သူက ကြီးပြင်းလာပြီးတော့ ဒီကမ္ဘာရဲ့အရက်စက်အကြမ်းကြုတ်ဆုံးသားရဲတစ်ကောင်ဖြစ...