💛 Sweet Like Honey 💛
အပိုင်း 3
"ချိုရီ ... ဒါ မမပြောတဲ့ မမသူငယ်ချင်း တိမ်လွှာရင်ခွင်တဲ့ ..... "
"ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ်ရှင့်...."
ဖန်သားပြင်ပေါ်မှာထက် အပြင်မှာ အဆပေါင်းများစွာ ပိုပြီးကြည့်ကောင်းသည့် မင်းသမီးချိုရီဆည်းဆာကိုကြည့်ပြီး တိမ်လွှာ စိတ်လှုပ်ရှားစွာပြုံးလိုက်မိသည်။
"မမလဲ တွေ့ရတာ ၀မ်းသာပါတယ်.... မင်းသမီးက အပြင်မှာ အများကြီးပိုလှပြီးကြည့်ကောင်းနေတော့ စကားပြောရမှာတောင် စိတ်တွေလှုပ်ရှားလာပြီရယ်......"
သူမကိုကြည့်ပြီး တကယ်စိတ်လှုပ်ရှားနေဟန်ဖြင့် ပကတိကြည်လင်စွာ ချီးကျူးလာသည့် မမအေမီရဲ့ သူငယ်ချင်းကြောင့် ချိုရီ နှုတ်ခမ်းလေးတွေ ပြုံးယောင်သမ်းသွားရသည်။
"ဒါနဲ့ .... ဒီကမမတိမ်လွှာ... ဟို မမအေမီနဲ့ သူငယ်ချင်းဆိုတော့ ချိုရီ မမတိမ်လွှာလို့ပဲ ခေါ်မယ်နော်..... ချိုရီကိုလဲ ရင်းရင်းနှီးနှီး ချိုရီလို့ပဲ ခေါ်ပါ..."
"ကျေးဇူးပါ မင်းသမီး..... အဲ ချိုရီ....."
"အဟင်း..... ဒါနဲ့ မမတိမ်လွှာ ချိုရီကို ကြော်ငြာအပ်ချင်တဲ့ product က ဘယ်လို product မျိုးလဲဟင်....."
"ဟုတ်တယ် တိမ်လွှာရဲ့ .....အဲ့အကြောင်းကို ချိုရီက ငါ့ကို အရင်မေးနေတာ..... ငါကလဲ သုတရဲ့ အလုပ်အကြောင်းကို သေချာမပြောပြတတ်လို့ ..... အခု နင်ပဲ ချိုရီ့ကို အကြောင်းစုံရှင်းပြလိုက်တော့ ......"
"ဒီလိုပါ ချိုရီရယ်..... မမရဲ့ မောင်လေးက ရနံ့ကုထုံးပညာရှင်ပါ .... သူက ရနံ့တွေနဲ့ ပတ်သက်ပြီး အရမ်း၀ါသနာပါတာလေ..... အဲ့တာကြောင့် 17 နှစ်သားအရွယ်ထဲက ပြင်သစ်ကို ထွက်သွားခဲ့တာ..... ပြင်သစ်မှာပဲ ကျောင်းဆက်တက်၊ သင်တန်းတွေဆက်တက်ပြီး ရနံ့ကုထုံးပညာရှင်တစ်ယောက်ဖြစ်လာဖို့ ကြိုးစားခဲ့တာ..... ဟိုက နာမည်ကြီး Aromatherapy Brand တစ်ခုမှာလဲ သူ နှစ်တော်တော်ကြာကြာ လုပ်ခဲ့သေးတယ်..... အခုတော့ ဒီကိုပြန်လာပြီး ဒီမှာ လုပ်ငန်းလေးတစ်ခု လုပ်ဖို့ကို စီစဥ်နေတယ်လေ......"
"ဟုတ် မမတိမ်လွှာ..... အဲ့တာဆို ချိုရီက အဲ့လုပ်ငန်းကို ကြော်ငြာပေးရမှာပေါ့နော် .... ချိုရီ့ကို လုပ်ငန်းအကြောင်းလေး ဒီထက်ပိုပြီး အသေးစိတ်ပြောပြပေးလို့ရမလားဟင်....."