💛 Sweet Like Honey 💛
အပိုင်း 14
"စားလို့ကောင်းလားဟင် သုတ....."
Sandwich ကို ကိုက်စားတာတောင် သေသေသပ်သပ်နဲ့ ကြည့်ကောင်းအောင် စားတတ်တဲ့ သူမကောင်လေးကို ချိုရီ ပြုံးကြည့်ကာ မေးလိုက်မိသည်။
"အွန်း.... စားကောင်းတယ် ချိုရီ .... Sandwich က တော်တော်လေး အရသာရှိတယ်နော်.... ချိုရီဆိုင်ကနေ ၀ယ်လာတာလား....."
"ဟုတ်တယ် သုတ ..... အဲ့ဆိုင်က Sandwich တွေက တော်တော်လေး အရသာရှိတယ်..... ချိုရီလဲကြိုက်လို့ သုတ စားဖို့ဆိုပြီး ၀င်၀ယ်လာတာ.... sandwich ၀င်၀ယ်တုန်းက အခုလို ညအိပ်၀တ်စုံကြီးနဲ့ Mask ကြီး ၀တ်ပြီး မျက်မှန်ကြီးတပ်ထားတဲ့ ချိုရီကို ဆိုင်ကလူတွေက အံ့တော့သြနေကြမှာသိလား......."
သူ စားဖို့အတွက် Sandwich ကို ဆိုင်မှာ ရုပ်ဖျက်ပြီး တကူးတကသွား၀ယ်ပေးတဲ့ ချိုရီကို သုတ ချစ်မြတ်နိုးခြင်း အပြည့်နဲ့ ကြည့်လိုက်မိသည်။
သူ့လက်ထဲမှာရှိနေသည့် Sandwich လေးကိုလဲ မစားရက်တော့ဘဲ အဖိုးတန်တဲ့ အရာတစ်ခုလိုမျိုး ကြည့်လိုက်မိသည်။
"စားကောင်းတယ်ဆို စားလေ သုတရဲ့ ....ဘာလို့ မစားတော့တာလဲ ....."
"ချိုရီကိုယ်တိုင် ကျွန်တော့်အတွက် ရုပ်ဖျက်ပြီး ဆိုင်မှာ တကူးတကသွား၀ယ်လာခဲ့တာဆိုတော့ အဖိုးတန်လွန်းတယ်လို့ ခံစားမိသွားလို့......."
ခေါင်းငုံ့ကာ ပြုံးပြီးပြောလိုက်သည့် သူမကောင်လေးရဲ့ စကားကြောင့် ချိုရီ ရင်ထဲမှာ ပန်းအမျိုးတစ်ရာလောက် ဖူးပွင့်သွားသလိုမျိုး ခံစားလိုက်ရသည်။
"အဲ့တာဆို ချိုရီ့ကို ဆုချလေ......"
"ချိုရီက ဘာဆုလိုချင်လို့လဲ ....."
"အမှန်တိုင်းပြောရရင် သုတ Sandwich စားတာကိုကြည့်ပြီး ချိုရီလဲ Sandwich စားချင်နေတာ .... ဒါပေမဲ့ ပေါင်မုန့်ဖြူနဲ့တင် ကယ်လိုရီက တော်တော်များနေပြီ .... အခုလို လှုပ်ရှားမှုနည်းပြီး အိပ်ချိန်နဲ့ နီးနေတဲ့ အချိန်မျိုးမှာ sandwich တစ်ခုစားလိုက်မိရင် တက်သွားမယ့် ကယ်လိုရီက မတွေးရဲစရာပဲ ..... "
"တစ်ခုလောက်တော့ စားလို့ဖြစ်မယ် ထင်ပါတယ် ချိုရီရဲ့ ......"
"ဟင့်အင်း မဖြစ်ဘူး သုတရဲ့ .... ချိုရီတို့တွေက ကယ်လိုရီလေး နည်းနည်းတက်လာရင်ကို အရမ်းသိသာတာ..... ဒါပေမဲ့လဲ Sandwich အရသာလေးတော့ ခံစားကြည့်ချင်သေးတာ......"