💛 Sweet Like Honey 💛
အပိုင်း 21
သူ ပြင်ဆင်ပေးထားတဲ့ နေ့လယ်စာကို အကုန်ကုန်အောင် စားပစ်လိုက်တဲ့ ချိုရီ့ကို ကြည့်ပြီး သုတ မျက်နှာပေါ် ပျော်ရွှင်ခြင်းရဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားရသည်။
"အား! ကောင်းလိုက်တာ..... ချိုရီတော့ ဗိုက်ကိုတင်းကားသွားတာပဲ ..... မောင်ကလေ ဘာလို့ အဲ့လောက်ထိ ဟင်းချက်ကောင်းရတာလဲဟင်....."
ထိုင်ခုံပေါ်မှာ လျော့တိလျော့ရွဲ မှီထိုင်ကာ ဗိုက်လေးကို ဖွဖွ ပွတ်ပြီးပြောလာသည့် ချိုရီကြောင့် သုတ နှုတ်ခမ်းတွေ ပြုံးယောင်သမ်းသွားရသည်။
"ချိုရီ အကြိုက်တွေ့တယ်ဆိုလို့ မောင်ကလဲ ၀မ်းသာရပါတယ်......"
"မောင်ချက်တာလေးတွေကို အခုလိုမျိုးပဲ အမြဲစားနေရရင် ဘယ်လောက်ကောင်းလိုက်မလဲနော် ..... weight တက်မှာဆိုးရင် မောင်နဲ့ အတူတူ Gym ဆော့မယ်..... အဟွန်း တွေးကြည့်ရုံနဲ့တင် ပျော်စရာကြီး......."
"မောင်ချက်တာတွေကို ချိုရီ သဘောကျတယ်ဆိုရင် ချိုရီ အားတဲ့အချိန်နဲ့ မောင့်အလုပ်ချိန်ကို တစ်ချက်ညှိပြီး ချိုရီကို အခုလိုမျိုးပဲ ချက်ကျွေးမယ်လေ....."
"ဒီမှာပဲ ချက်မှာမလားဟင်မောင်....."
ချိုရီ မောင့်လက်မောင်းကို ဖက်တွယ်ပြီး မေးလိုက်တော့ မောင်က သူမအား အလိုလိုက်သည့် မျက်၀န်းတွေနဲ့ နွေးထွေးစွာ ကြည့်လာလေသည်။
"ဒီမှာတင် မဟုတ်ဘဲ ချိုရီက မောင့်ကို ဘယ်မှာချက်စေချင်သေးလို့လဲ ....မဟုတ်မှ မောင့်အိမ်ရဲ့ မီးဖိုချောင်မှာလား......"
"ဟီး မဟုတ်ပါဘူး မောင်ရဲ့ ..... အမှန်တော့ ချိုရီ့ရဲ့ မီးဖိုချောင်မှာ မောင်ရှိနေတာကို ချိုရီက အရမ်းသဘောကျနေတာ.... မောင့်လိုမျိုး ချောမောကြည့်ကောင်းပြီး ဟင်းချက်တော်တဲ့ Chef လေးကို ပိုင်ဆိုင်ထားရလို့ ချိုရီ ဘယ်လောက်ထိ ဂုဏ်ယူနေလဲဆိုတာ မောင် မသိပါဘူးနော်......"
ချစ်သူတွေ စဖြစ်ထဲက စကားအရမ်းတတ်လွန်းသည့် သူ့ရဲ့ ကောင်မလေးကို သုတ တကယ်ပဲ မလွန်ဆန်နိုင်ပေ။