💛 Sweet Like Honey 💛
အပိုင်း 42
"အူး၀ါး ...... နေရာလေးက လှလိုက်တာ......"
တောင်တန်းတွေ ၀န်းရံထားပြီး စိမ်းစိုနေသည့် နေရာလေးကို ကြည့်ကာ ချိုရီ သဘောကျသွားရသည်။
Camping လုပ်တဲ့ နေရာအတွင်းမှာ ကားပုံစံ caravan လေးတွေကလဲ အများကြီးရှိသည်။
ဒါပေမဲ့ တစ်ခုနဲ့တစ်ခုက ခပ်လှမ်းလှမ်း အကွာအဝေးမှာ ရှိနေတာကြောင့် နေရာလေးက တိတ်ဆိတ်ငြိမ်သက်ပြီး အေးအေးချမ်းချမ်း ရှိလှသည်။
"ချိုရီတို့ နေရမယ့်နေရာက ဘယ်မှာလဲဟင် မောင်......."
"No. 305 ဆိုတော့ ဟိုဘက်ခြမ်းမှာ ချိုရီ ..... "
"ဟုတ်လား မောင် ...."
သူမတို့ နေရမယ့် Caravan လေးဆီကိုရောက်တော့ မောင်က တံခါးကို ဆွဲဖွင့်လိုက်သည်။
"မောင်တို့ ၀င်ကြရအောင်လေ ချိုရီ "
မောင့်ကို ချိုရီ ခေါင်းလေးငြိမ့်ပြလိုက်သည်။
"Wow ....... အထဲမှာ ပစ္စည်းတွေ တော်တော်စုံတာပဲ ..... အဲ့လောက်စုံမယ်လို့ ချိုရီ တကယ် မထင်ထားဘူး....."
ချက်ဖို့ပြုတ်ဖို့အတွက် မီးဖိုချောင်အသေးလေးရယ်၊ ရေခဲသေတ္တာ နဲ့ microwave ရယ်၊ TV ၊ Air-Con ၊ တစ်ဆက်ထဲရှိနေတဲ့ ရေချိုးကန်နဲ့ Toilet ရယ်ကို ကြည့်ပြီး ချိုရီ တကယ်အံ့သြမိသည်။
ကားလိုမျိုး ဒီနေရာလေးထဲမှာ ပစ္စည်းတွေ အကုန်ကို ရှိနေတော့တာပါလား......
ပစ္စည်းတွေကို သေချာလိုက်ကြည့်ရင်းနောက်ဆုံးအနေနဲ့ ဖြူလွင်သန့်ရှင်းနေတဲ့ နှစ်ယောက်အိပ်မွေ့ရာဆီ အကြည့်ရောက်သွားသည့်အခါမှာတော့ ချိုရီ့ အပြုံးတွေ နက်နဲသွားရသည်။
တကယ့်ကို နေရာကောင်းလေးပဲဟု စိတ်ထဲမှ တွေးကာ အိပ်ရာပေါ်သို့ ချိုရီ ပစ်လှဲလိုက်သည်။
5 နာရီလောက် ကားစီးလာရလို့ ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်က နူးညံ့အိစက်နေတဲ့ မွေ့ရာနဲ့ ထိကပ်လိုက်ရတာကြောင့် ချိုရီ ပြောမပြတတ်အောင်ကို ဇိမ်ရှိသွားရသည်။
"အား.......ကားအကြာကြီးစီးလာခဲ့ရလို့လား မသိဘူး ...... အခုလို ခြေဆန့်လက်ဆန့်လှဲလိုက်ရတာ အရမ်းကောင်းတာပဲ ........"