💛 အပိုင်း 11 💛

3.7K 250 10
                                    

💛 Sweet Like Honey 💛

အပိုင်း 11

သူ့ကို စောင့်ကြိုနေကြသည့် သူငယ်ချင်းအုပ်စုကို မြင်လျှင် သုတ ခြေလှမ်းတွေ တုံ့ဆိုင်းသွားရသည်။

"ဟေ့ကောင်တွေ ဟိုမှာ ငါတို့ ဇာတ်လိုက်ကြီး ရောက်လာပြီ ......"

ဥာဏ်ပြည့်က သူ့ကို အရင်ဆုံးမြင်သွားပြီး
ကျန်တဲ့သူတွေကိုပါ လှမ်းပြောလျှင် အားလုံးက သူရှိရာဆီကို လှည့်ကြည့်လာကြသည်။

"အဟမ်း ..... လာစမ်းပါဦး သုတရာ..... မင်းက ငါတို့ကို တော်တော်လျှိုထားတာပဲ......"

"လျှိုထားတာ မဟုတ်ပါဘူးကွာ.....ငါ့ရဲ့ ဆိုင်​ကို ချိုရီနဲ့ ကြော်ငြာဖြစ်တယ်ဆိုတာ မင်းတို့လဲသိနေတာပဲ မဟုတ်လား....."

သုတ သူငယ်ချင်းတွေ ရှိတဲ့ ၀ိုင်းမှာ ၀င်ထိုင်ပြီး သူ့ကို ​ပြောလာသည့် စကားကို ပြန်ပြီး ချေပလိုက်သည်။

"အေး ငါတို့ သိတာ အဲ့အထိပဲလေ....."

"မင်း ငါတို့ကို ပြောပြတာက မင်းအစ်မရဲ့ အဆက်အသွယ်နဲ့ မင်းရဲ့ ဆိုင်လေးကို ချိုရီဆည်းဆာနဲ့ ကြော်ငြာဖြစ်တယ်ဆိုတာအထိပဲလေ..... မင်းနဲ့ ချိုရီဆည်းဆာတို့ ဘယ်လောက်အတိုင်းအတာအထိ ရင်းနှီးကြတယ်တို့ ဘယ်လိုတွေ ချစ်ကျွမ်း၀င်ပြီး အခုလိုမျိုး တိုင်းသိပြည်သိ တွဲဖြစ်ကြတယ်ဆိုတာမျိုးတွေ မပါဘူးလေကွာ....."

"သုတရာ မင်း တော်တော်ရက်စက်တာပဲ ..... ပြောရရင် ငါတို့က မင်းနဲ့ ဟိုးငယ်ငယ်လေးထဲက ပေါင်းခဲ့ကြတဲ့ ငယ်ပေါင်းရင်းချာ အရင်းနှီးဆုံးတွေပါကွ ..... ဒီလောက်ကြီးတဲ့ ကိစ္စကြီးကို မင်း ငါတို့ကို မပြောဘဲ လျှိုထားနိုင်တာ ငါ အံ့သြလို့ မဆုံးဘူး......"

"အေးကွာ..... နောက်ဆုံး ကျန်တဲ့ငါတို့ကို မပြောရင်တောင် မင်း ဥာဏ်ပြည့်ကိုတော့ ပြောပြသင့်တယ် သုတ..... အခုတော့ မင်း ချိုရီဆည်းဆာနဲ့ တွဲနေတာကို ဥာဏ်ပြည့်လဲ မသိဘူးဆိုလို့ ငါတို့မှာ ဘယ်လောက် အံ့သြရတယ်မှတ်လဲ ....."

သူထင်တဲ့အတိုင်းပဲ ဒီကောင်တွေအားလုံး သူ့ကို တစ်ယောက်တစ်ပေါက်နဲ့ ၀ိုင်းပြီး ပေါက်ပေါက်ဖောက်ကြတာမို့ သုတရဲ့  မျက်နှာချောချောမှာ ရှုံ့မဲ့သွားရသည်။ ထို့နောက် လေပူတစ်ချက် မှုတ်ထုတ်ကာ......

💛 Sweet Like Honey 💛Where stories live. Discover now