💛 Sweet Like Honey 💛
အပိုင်း 53
Stage ပေါ်မှာ မောင် လက်ထပ်ခွင့်တောင်းတာကို ချက်ချင်း ခေါင်းငြိမ့်လက်ခံပြီး လက်စွပ်ကိုပင် ကိုယ့်ဟာကိုယ် ယူ၀တ်ခဲ့တဲ့ သူမအား Concert ပြီးသွားတဲ့အချိန်မှာတော့ အဖွားက ဖုန်းနဲ့ ကောင်းကောင်းကြီး လှမ်းဆူလေသည်။
အဲ့တော့မှ စင်ပေါ်မှာ သူမဘယ်လောက်တောင် ကို့ရို့ကားရားနိုင်ခဲ့လဲဆိုတာ ချိုရီ သဘောပေါက်ပြီး ရှက်ဖို့ကို သတိရသည်။
လက်ထပ်ခွင့်တောင်းခံရသည့် scenes ပေါင်းများစွာကို တည်တည်ငြိမ်ငြိမ်နဲ့ သရုပ်ဆောင်ဖူးခဲ့သည့် သူမက ချစ်ရတဲ့ မောင့်ဆီမှ လက်ထပ်ခွင့်တောင်းခြင်းကို လက်ခံရရှိတဲ့ အချိန်မှာတော့ ဘယ်လိုဖြစ်သွားလဲဆိုတာ ချိုရီကိုယ်တိုင်လဲ တကယ်မစဥ်းစားတတ်ချေ။
ပြီးတော့ Concert မှာ မောင် သူမကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ဖြစ်ရပ်ကလဲ လူထုကြားထဲမှာ တော်တော်လေးကို Popular ဖြစ်သွားခဲ့သည်။
မောင့်အကြောင်းကို စိတ်၀င်တစားရှိလာကြသည့် လူအရေအတွက်ဟာလဲ တစ်စထက်တစ်စ ပိုပိုများပြားလာရပြီး နောက်ဆုံးမှာတော့ low profile နဲ့ပဲ ရှိနေတဲ့ မောင့်ရဲ့ instagram account ကိုပင် ရှာတွေ့သွားကြသည်။
မောင့်ကို သူမ follow ထားခဲ့ရင် သူမရဲ့ Following list ကနေ မောင့်ရဲ့ Account ကို တခြားသူတွေရှာတွေ့သွားမှာ ဆိုးလို့ ချိုရီ မောင့်ကို follow မလုပ်ဘဲ မောင် တင်သမျှ post တိုင်းကိုသာ တိုးတိုးတိတ်တိတ်ဖြင့် အသည်းလေးတွေ ပေးနေခဲ့ရာမှ စူးစမ်းရှာဖွေမှုမှာ တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင်လွန်းတဲ့ သူမရဲ့ ဖန် တွေက မောင့်ရဲ့ account ကို ဖော်ထုတ်နိုင်ခဲ့ကြသည်။
ထို့အပြင် မောင့်ရဲ့ post တိုင်းကို အသည်းပေးထားတဲ့ သူမရဲ့ အဖြစ်ကို မြင်ပြီး သဘောကျစွာ ရယ်ကြသေးသည်။
ကိုယ့်ကောင်လေးကိုယ် ချစ်လို့အသည်းပေးတာကို သူတို့က ဘာကိစ္စနဲ့ရယ်ကြတာလဲဟု ချိုရီ နှုတ်ခမ်းလေးစူကာပင် စဥ်းစားမိသေးသည်။
ဘာပဲဖြစ်ဖြစ် တစ်ရာ ရာခိုင်နှုန်း ပြီးပြည့်စုံတယ်ဆိုတာ မရှိတဲ့ လောကကြီးထဲမှာ မောင်နဲ့ သူမရဲ့ ချစ်ခြင်းကို သဘောမကျကြသည့် ကန့်လန့်သွား ကဏန်းလို လူတွေ အနည်းစုရှိပေမယ့် အများစုကတော့ သူမတို့ချစ်ခြင်းကို ကောင်းချီးပေးနေကြတာမို့ ချိုရီ တကယ်ကျေနပ်မိသည်။