💛 Sweet Like Honey 💛
အပိုင်း 25
အိပ်ရာထဲမှာ ဟိုလှိမ့်ဒီလှိမ့်ဖြင့် သုတ ဘယ်လိုမှ အိပ်လို့မရဖြစ်နေသည်။
ဟူး ..... သူ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။
ခုဏ ချိုရီနဲ့ ဖုန်းပြောရင်း ချိုရီ ရေစိမ်နေတာကို သိလိုက်ရပြီးထဲက သူ့ ဦးနှောက်က မတွေးသင့်တဲ့ ပုံရိပ်တစ်ချို့ကို ပုံဖော်ခဲ့မိပြီး အခုတော့ သူ့ခန္ဓာကိုယ်ကပါ တစ်ခုခုကို မှားယွင်းနေခဲ့ပြီဖြစ်သည်။
နဖူးပေါ် လက်တင်ထားရင်းနဲ့ပဲ သုတ သက်ပြင်းမောတစ်ခုကို လေးလေးပင်ပင် ချလိုက်မိသည်။
ဒီလို မရိုးမသားတဲ့ အတွေးတွေနဲ့ ရှေ့ဆက် သူ ဘယ်လိုများ ချိုရီနဲ့ နီးနီးကပ်ကပ် နေရပါ့မလဲ။
တွေးရင်းတွေးရင်းနဲ့ကို သူ့ခန္ဓာကိုယ်က တစ်ခုခုကိုတောင့်တစိတ်ဖြင့် ပူလောင်လာပြီး လုံး၀ကို နေရခက်လာတာမို့ သုတ လှဲအိပ်နေရာမှ ထထိုင်လိုက်ရသည်။
ထို့နောက် မလှမ်းမကမ်းမှာရှိနေတဲ့ သူ့ရဲ့ ဖုန်းကို သုတ ယူလိုက်ပြီး website တစ်ခုထဲကို ၀င်လိုက်၏။
ပြီးလျှင် သူ့စိတ်ကို ဖြေလျှော့ဖို့ video တစ်ခုကို ရွေးချယ်ကာ ကြည့်လိုက်ပြီး အဆုံးသတ်မှာတော့ 'ဟား......ချိုရီရယ်' ဟု သုတ ခပ်တိုးတိုး ညည်းရှိုက်လိုက်မိသည်။
•°* •°* •°* •°* •°* •°*
"မြတ်စုရေ .... နောက် Patient တစ်ယောက်ကို ၀င်ခိုင်းလို့ရပြီနော်....."
"နောက် Patient တစ်ယောက်က လွှမ်းဖြူစင်ပါ ဆရာ......"
"လွှမ်းဖြူစင် ? "
မြတ်စုက Patient နာမည်ကို သူ့အား တကူးတက ထုတ်ပြီး ပြောကြားလာတာကြောင့် စာရွက်ပေါ်မှာ စာကြောင်းတစ်ကြောင်းကို ရေးနေတဲ့ သုတရဲ့ လက်တွေ ရပ်တန့်သွားရသည်။
"လွှမ်းဖြူစင်က ဘယ်သူလဲ မြတ်စု....."
"ဆရာ လွှမ်းဖြူစင်ကို မသိဘူးလားဟင်....."
"ဘယ်သူမို့လိုလဲ ....."
"လွှမ်းဖြူစင်ကလည်း မင်းသမီးပဲလေ ဆရာ..... ချိုရီဆည်းဆာလိုပဲ နာမည်ကြီးတယ်...... ဒါပေမဲ့ ချိုရီဆည်းဆာလောက်တော့ မအောင်မြင်ဘူးပေါ့......"