💛 Sweet Like Honey 💛
အပိုင်း 16
"ဖွား!!! "
ဧည့်ခန်းထဲမှာ အဖွားကိုတွေ့တာနဲ့ ချိုရီ ပြေးဖက်လိုက်သည်။
အဖွားကတော့ ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် အမြဲတမ်း နုပျိုပြီး အရွယ်တင်နေတော့တာပင်။
"ဖွားက မတွေ့ရတာကြာလို့လားမသိဘူး..... ပိုတောင် နုပျိုပြီး အရွယ်တင်လာသလိုပဲ......."
"အမယ်လေး လျှာရိုးမရှိတိုင်း လျှောက်မပြောနေနဲ့ မိချိုရီ ..... ညည်းလေးလဲ တော်တော်နေစိမ့်တယ်နော်..... ဒီအဖွားမှာ မျက်နှာလေးမြင်ချင်တာတောင် မနည်းပင့်ပြီး ခေါ်ယူရတယ်....."
"အဲ့တာက အလုပ်တွေ အရမ်းများနေလို့ပါ ဖွားရဲ့ ..... ချိုရီ ဘယ်လောက် အလုပ်များလဲဆိုတာ ဖွားလဲသိရက်နဲ့ ....."
"အလုပ်များတယ်ဆိုပြီး ရည်းစားထားဖို့တော့ အချိန်ရတယ်ပေါ့လေ ဟုတ်လား....ဟမ့် "
အဖွားက သူမ နဖူးကို ခပ်ဖွဖွထုပြီး ပြောတော့ ချိုရီ ဇက်ကလေး ပုသွားရသည်။
"ဖွားရေ .... မလတ်ကို ထုရင် နာနာလေးသာ ထုလိုက်သိလား..... မလတ်က ဖွားကိုသာ အလုပ်များတယ် ဘာညာ ပြောနေတာ ..... သူ့ချစ်ချစ်နဲ့ တွေ့ဖို့ကျ အချိန်တွေကို ပိုလို့ ..... ပြီးတော့ မလတ်ကလေ ကောင်လေးကို ခြိမ်းခြောက်ပြီး သူနဲ့ တွဲခိုင်းထားတာ သိလား ဖွား....."
"ဟေ....."
အဖွားက နာရီ့စကားကြောင့် ဟေခနဲဖြစ်သွားလျှင် ချိုရီ ညီမဖြစ်သူအား နှုတ်ခမ်းကိုက်ပြလိုက်ရသည်။ ထိုအခါနာရီက သူမအား လျှာလေးထုတ်ကာ ပြောင်ပြပြီး ဖင်လေးပါ လှုပ်ပြလာလေသည်။
"နာရီပြောတာ တကယ်လား ချိုရီ ....."
"မဟုတ်ပါဘူး ဖွားရယ်..... ဖွားမို့လို့ ဖွားမြေး ဗလွတ်ရွှတ်တ ရဲ့ စကားကို ယုံတယ်....."
"အမယ်လေး အဲ့ဒီဗလွတ်ရွှတ်တ လေးကပဲ ကျုပ်အနားနေပြီး ကျုပ်ကို အဖော်လုပ်ပေးနေတာလေ..... ညည်းနဲ့ နေရီတို့က ဘယ်မှာများ အတူနေလို့လဲ ....."
"ဖွားကလဲ ချိုရီရဲ့ အလုပ်ကြောင့် ဒီလိုမျိုး ခွဲနေရတာပါ......ဒီလိုလုပ်လေ.....အခုလိုပဲ တစ်လကို သုံးလေးရက်လောက်တော့ ချိုရီ အိမ်မှာ ပြန်လာနေမယ်လေနော်......"