💛 အပိုင်း 7 💛

3.8K 255 2
                                    

💛 Sweet Like Honey 💛

အပိုင်း 7

ချိုရီ မှန်ထဲမှာမြင်နေရတဲ့ သူမကိုယ်သူမကြည့်ပြီး ကြည်နူးစွာ ပြုံးလိုက်မိသည်။

အနက်ရောင် Hoodie ၊ အဖြူရောင် Wide leg pants နဲ့ လျှာထိုးဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းပြီး Mask ပါ တပ်ထားတဲ့ သူမရဲ့ ပုံစံကို ချိုရီဆည်းဆာမှန်း ဘယ်သူမှ သိကြမှာ မဟုတ်ပေ။

ကိုယ့်အတွေးနဲ့ကိုယ် ချိုရီ သေချာသွားပြီဆိုတော့မှ ခုတင်ပေါ်မှာ ရှိနေသည့် Tote bag လေးကို လွယ်ပြီး တိုက်ခန်းမှ ထွက်လာခဲ့လိုက်သည်။

ရှားရှားပါးပါး Schedules လေးတွေ စောစောပြီးသွားတဲ့နေ့မို့ အခုလိုမျိုး သုတဆီကို ရုပ်ဖျက်သွားပြီး surprise လုပ်ရန် ချိုရီ အကြံရခဲ့ခြင်း ဖြစ်သည်။

ပြင်တာဆင်တာ အားလုံး ပြီးလုနီးနီးဖြစ်နေပြီဆိုတဲ့ သုတ ရဲ့ ဆိုင်လေးဆီ သွားကြည့်ချင်တာလဲ ပါသည်။

ပြီးတော့ ပထမဆုံးအကြိမ် အခုလို ရုပ်ဖျက်ပြီး သွားဖူးတာမို့ ချိုရီ တော်တော်လေးလဲ စိတ်လှုပ်ရှားနေမိသည်။ မတော်တဆ သူမသာ လူကြားထဲမှာ ချိုရီဆည်းဆာအဖြစ်နဲ့ ပေါ်သွားခဲ့ရင် နောက်နေ့ မဆုန်ရဲ့ ခေါင်းကို ဆင်နင်းပြီမို့ ချိုရီ သတိကြီးကြီးထားနေရသည်။

ကွန်ဒိုအောက်ကိုရောက်တော့ Taxi ပဲ စီးသွားရန် ချိုရီ တွေးလိုက်ပြီး မီးခိုးရောင် Taxi လေး တစ်စီးကို လှမ်းတားလိုက်သည်။

"ဘယ်သွားမှာလဲ တူမကြီး "

"စမ်းချောင်းက (......) ကို သွားမှာ ဦးလေး....."

ဘယ်သွားမလဲဆိုတာကို ပြောပြီးတာနဲ့ ချိုရီ ကားပေါ် တစ်ခါထဲတက်လိုက်သည်။

သုတရဲ့ ဆိုင်ရှေ့ကိုရောက်တော့ ချိုရီ ကျသင့်ငွေကို Taxi ဦးလေးကြီးအားပေးကာ ကားပေါ်မှ ဆင်းလိုက်သည်။

ရိုးရိုးရှင်းရှင်းနဲ့ အမြင်အေးဖွယ် သုတရဲ့ Aromatherapy ဆိုင်လေးက  'Delight' ဆိုတဲ့ ဆိုင်းဘုတ်လေး တင်ထားပေမယ့် အခုထိ မဖွင့်သေးပေ။

ချိုရီ ဆိုင်တံခါးရဲ့ မှန်ချပ်လေးကို လက်နဲ့ အသာပုတ်လိုက်သည်။

💛 Sweet Like Honey 💛Where stories live. Discover now