💛 Sweet Like Honey 💛
အပိုင်း 1
"သုတရေ ... ငါ ဒီမှာ ...."
လေဆိပ်ထဲမှ ထွက်လာသည့်သူငယ်ချင်းဖြစ်သူ သုတကို ဥာဏ်ပြည့် လက်လှမ်းပြလိုက်သည်။
အဲ့တော့မှ သုတက သူ့ကို မြင်သွားဟန်ဖြင့် ပြုံးပြကာ လက်ပြန်ပြလာလေသည်။
ထို့နောက် လူချင်းမတွေ့ရတာ အတော်ကြာနေပြီဖြစ်သည့် သူငယ်ချင်းနှစ်ယောက် ပခုံးချင်းတိုက်ကာ နှုတ်ဆက်လိုက်ကြသည်။
"ငါ့ကောင်ရာ မင်းတော်တော်ချောလာတာပဲ ... ကြည့်ပါဦး အသားတွေကလဲ ဖြူစွတ်နေတာပဲ....."
"မင်း အဲ့လိုတွေ မြှောက်လဲ ငါ့ Luggage ထဲမှာ အ၀တ်အစားတွေနဲ့ အမွှေးဆီတွေကလွဲလို့ ဘာမှ ပါမလာဘူးနော် ဥာဏ်ပြည့်.... "
"ဟားဟား ....အဲ့တော့လဲ မင်းလက်ရာ Body Spray တစ်ဘူးလောက်ကိုပဲ ဆွဲယူထားလိုက်တာပေါ့ကွာ..... Body Spray ဆိုမှ ငါ့မားသားကြီးက မင်းဟိုတစ်ခေါက် လက်ဆောင်ပို့ပေးလိုက်တဲ့ Body Spray လေးကို တော်တော် သဘောကျနေတာကွ ..... အဲ့တာ မင်းဆီကို ထပ်မှာပေးဖို့ ငါ့ကို တကျီကျီနဲ့ ပြောနေတာ...... အခု မင်း ပြန်လာတော့ အတော်ပဲ ဖြစ်သွားတာပေါ့......"
"ဟုတ်လား ..... အန်တီကြိုက်တယ်ဆိုလို့ တော်သေးတာပေါ့ ..... အဲ့ Sprayလေးက အခု Set နဲ့ ထွက်နေပြီ .... ငါ့ဆီမှာတောင် တစ် Set ပါလာသေးတယ်.... အိမ်ရောက်ရင် ငါ့ Luggage ထဲက ထုတ်ပြီး မင်းကို တစ်ခါထဲ လက်ဆောင်ထည့်ပေးလိုက်မယ်လေ......"
"အေးဆေးပေါ့ သုတရာ ..... ဒီလူနဲ့ ဒီလူ မတွေ့ရမယ့် သူတွေလဲ မဟုတ်ဘူး......"
"ဘာလဲ အဲ့တော့ မင်းက မယူဘူးလား..."
"ဒီနေ့မဟုတ်ဘဲ နောက်နေ့မှ မင်းဆီ ငါလာယူလဲ ရတာပဲလို့ ပြောမလို့ပါကွ..... Set လိုက် လက်ဆောင်ပေးတာကို ငါက ငြင်းစရာလား ....."
ဥာဏ်ပြည့်စကားကြောင့် သုတ သဘောကျစွာ ရယ်လိုက်မိသည်။
ထို့နောက်လေဆိပ်ထဲမှထွက်လာတော့ သူချစ်ရတဲ့ မိသားစုရှိနေတဲ့ မွေးရပ်မြေရဲ့ နွေးထွေးမှုကို သုတ ခံစားလိုက်ရသည်။
ဟိုမှာ ဘယ်လောက်ပဲ နေထိုင်မှုအဆင့်အတန်းတွေမြင့်မားပြီး အဆင်ပြေပါတယ်လို့ ပြောပြော အိမ်ရဲ့ နွေးထွေးမှုတွေ ပျောက်ဆုံးနေခဲ့တာတော့ အမှန်တရားပင်။