💛 Sweet Like Honey 💛
အပိုင်း 24
သူတို့ ေသလောက်အောင် ကြိုက်ခဲ့ရတဲ့ ချိုရီဆည်းဆာနဲ့ workout အတူတူ လုပ်နေတဲ့ သူတို့ သူငယ်ချင်း သုတကို ကြည့်ပြီး ဥာဏ်ပြည့်တို့ အုပ်စုမှာ အားကျရလွန်းလို့ ရူးသွားကြတော့မလိုပင်။
အခုလဲ ချိုရီဆည်းဆာ sit-ups (အိပ်ထမတင်) လုပ်တာကို သုတက ခြေထောက်လေးအား ဖိကိုင်ပေးထားတာကြောင့် နှစ်ယောက်သားက မျက်နှာချင်း နီးသွားလိုက် ဝေးသွားလိုက်နဲ့ ကြည်ကြည်နူးနူး အချစ်ကျီစယ်နေကြသည်။
အချစ်တွေ ပြည့်နှက်နေတဲ့ ထိုစုံတွဲကို ကြည့်ကာ ကျန်တဲ့ သူတွေမှာ ဘာ workout မှ မလုပ်နိုင်ကြတော့ဘဲ အလေးပြား ပိုက်တဲ့သူကပိုက်၊ တိုင်ကိုဖက်ထားတဲ့သူက ဖက်နဲ့ အားကျခြင်းအပေါင်း ခညောင်းနေကြသည်။
နောက်ဆုံးအကြိမ်ရေ ပြည့်သွားသည့်အချိန်မှာတော့ ချိုရီ နှုတ်ခမ်းလေးကို စု၀ိုင်းကာ လေကို မှုတ်ထုတ်လိုက်ပြီး သူမခြေထောက်ကို ထိန်းကိုင်ပေးထားတဲ့ မောင့် နဖူးလေးကို သူမနဖူးလေးနဲ့ လှမ်းထိကာ ချစ်ဖို့ကောင်းစွာ ပြုံးပြလိုက်သည်။
ချိုရီဆည်းဆာဘက်က စတင်ပြီး သုတကို ကျီစယ်လိုက်သည့် အပြုအမူကြောင့် မလှမ်းမကမ်းမှာရှိနေကြတဲ့ ပရိတ်သက်တစ်စုတို့မှာ သူတို့ရဲ့ အောက်မေးရိုးတွေ ပြုတ်ကျသွားသလိုမျိုး ခံစားလိုက်ရသည်။
ဥာဏ်ပြည့်တို့ အုပ်စုမှာ တစ်မိုးအောက် သူတို့သူငယ်ချင်း မင်းသုတမာန်က နိုင်ငံရဲ့ အလှနတ်သမီးလို့ တင်စားထားတဲ့ ချိုရီဆည်းဆာနဲ့ အခုလိုမျိုးတွေ ချစ်နေတာကို မြင်ရပြီး သူတို့မျက်လုံးတွေကိုတောင် သူတို့ မယုံနိုင် ဖြစ်နေရသည်။
"ဟေ့ကောင် ဥာဏ်ပြည့်...... သုတက တကယ်ကြီးကို ငါတို့အရူးအမူးဖြစ်ခဲ့တဲ့ ချိုရီဆည်းဆာနဲ့ Ro နေတာကွ ......"
"အေးကွာ ..... ချိုရီဆည်းဆာကလဲ သုတကို လုံး၀ကြွေနေတဲ့ ပုံစံကြီး .... ငါတို့ကောင်က အရင်ဘ၀က ဘယ်လို ကောင်းမှုကုသိုလ်မျိုးတွေများ လုပ်ခဲ့လို့ ဒီဘ၀မှာ အခုလောက်ထိ ကံဇာတာ
တွေကောင်းနေရတာလဲ မသိဘူး......"