💛 အပိုင်း 51 💛

2.6K 228 3
                                    

💛 Sweet Like Honey 💛

အပိုင်း 51

ချိုရီနဲ့ တွေ့ပြီးတဲ့နောက် အိမ်ပြန်ရောက်တော့ သုတ အိမ်ကလူကြီးတွေကို နှုတ်ဆက်ကာ ကိုယ့်အခန်းကိုယ် ၀င်လာခဲ့လိုက်သည်။

အခန်းထဲရောက်တော့ ရေတစ်ခွက် အရင်သောက်ပြီး ရေချိုးဖို့ လုပ်လိုက်သည်။

လေယာဥ်အကြာကြီးစီးလာရတာရယ်၊ ရောက်ရောက်ချင်း အိမ်မှာတောင် ကြာကြာမနေနိုင်ဘဲ ချိုရီနဲ့ တွေ့ဖို့ သွားခဲ့တာတွေရယ်က အခုချိန်မှာ သူ့အား အစွမ်းပြလာသည်။

နွမ်းနယ်နေတဲ့ ခန္ဓာကိုယ်ကို အကြောအချဥ်တွေ ပြေသွားအောင်လို့ ရနံ့ဆီတစ်ချို့ရောစပ်ထားတဲ့ ရေထဲမှာ သုတ ၀င်စိမ်လိုက်ရာမှ မှေးခနဲ အိပ်ပျော်သွားရသည်။

အိပ်နေရာမှ ဖျတ်ခနဲ ပြန်နိုးလာသည့် အချိန်မှာတော့ သုတ ချက်ချင်းပဲ ရေထဲမှ ထွက်ကာ ရေချိုးခြင်းကို လက်စသ၊တ်လိုက်သည်။

ရေချိုးကန်ထဲမှာ မှေးခနဲအိပ်ပျော်သွားခဲ့တာကြောင့် သူ့ရဲ့ ရေချိုးချိန်က တစ်နာရီကျော်သွားခဲ့၏။ အသားတွေလဲ အေးစက်နေပြီမို့ သုတ အ၀တ်ဗီရိုထဲမှ လက်ရှည်တစ်ထည်ကို ရွေးယူလိုက်ပြီး ဘောင်းဘီကိုလဲ သက်တောင့်သက်သာဖြစ်စေတာမျိုးကိုသာ ရွေးချယ်လိုက်သည်။

တိုလွန်းတာလဲမဟုတ်၊ ရှည်လွန်းတာလဲမဟုတ်သည့် ဆံပင်တွေကို ပုံမှန်ဆို သုတ တဘက်နဲ့ပဲ သုတ်ပြီး အခြောက်ခံလေ့ရှိပေမယ့် အခုတော့ ခေါင်းသုတ်ဖို့ပင် အားကုန်မခံချင်တော့တာကြောင့် အချိန်ကုန်သက်သာသည့် dryer နဲ့ပဲ အခြောက်ခံဖြစ်လိုက်သည်။

ခေါင်းခြောက်သွားတဲ့နောက် သုတ အိပ်ရာပေါ် ထိုင်ချလိုက်ကာ စားပွဲပေါ်မှ အိတ်ကို လှမ်းယူလိုက်သည်။ ပြီးလျှင် အိတ်ထဲမှ ဟိုမှာ၀ယ်လာခဲ့သည့် အနက်ရောင်ကတ္တီပါဘူးလေးကို ထုတ်ယူလိုက်သည်။

ထောက်ခနဲဆိုပြီးဖွင့်လိုက်တာနဲ့ အရောင်တလက်လက်တောက်ပနေတဲ့ စိန်လက်စွပ်လေးကို မြင်လိုက်ရတာကြောင့် သုတ နှုတ်ခမ်းတွေ ပြုံးယောင်သမ်းသွားရသည်။

ထို့နောက် လက်စွပ်ဘူးလေးကို သူ့နှလုံးသားရှိတဲ့ နေရာတည့်တည့်မှာ တင်ပြီး အိပ်ရာပေါ် ကန့်လန့်ဖြတ် လှဲအိပ်ချလိုက်သည်။

💛 Sweet Like Honey 💛Where stories live. Discover now