💛 အပိုင်း 20 💛

3.5K 227 6
                                    

💛 Sweet Like Honey 💛

အပိုင်း 20

သုတ တံခါးကို ဖွင့်လိုက်တာနဲ့ တိုက်ခန်းရှေ့မှာ ရပ်နေတဲ့ မဆုန်နဲ့ သံစဥ်အပြင် အစ်မခိုင်ချိုကိုပါ တွေ့လိုက်ရတာကြောင့်
အံ့သြသွားရသည်။

ချိုရီ ခုဏ ဖုန်းပြောတုန်းက ပြောလိုက်တဲ့ ဒေါက်တာခိုင်ချိုဆိုတာ သူသိနေတဲ့ မမရဲ့ သူငယ်ချင်း အစ်မခိုင်ချိုဖြစ်နေလိမ့်မယ်လို့ သုတမထင်ထားခဲ့ပေ။

"ဟင်.....သုတ မဟုတ်လား....."

"ဟုတ် မမခိုင်ချို ....."

"ဒေါက်တာနဲ့ သုတတို့က သိနေကြတာလားဟင်......"

"သိတာပေါ့ ဆုန်ဆုန်ရဲ့ ..... သုတက အစ်မသူငယ်ချင်းတိမ်လွှာရဲ့ မောင်လေးလေ..... ဒါနဲ့နေပါဦး သုတက ချိုရီ့တိုက်ခန်းကို ဘယ်လိုဖြစ်ပြီး ရောက်နေတာလဲ ....."

"ဟို အထဲကို အရင်၀င်ပါဦး ဒေါက်တာ..... ပြီးမှ အကြောင်းစုံကို ကျွန်မရှင်းပြပါ့မယ်......"

မဆုန်က ဒေါက်တာကို အိမ်ထဲ အရင်၀င်စေပြီးမှ သူနဲ့ ချိုရီရဲ့ အကြောင်းစုံကို အကျဥ်းချုပ် ရှင်းပြသည်။

"ဪ အဲ့လိုလား..... ကြည့်စမ်း တိမ်လွှာတစ်ယောက် နေနိုင်လိုက်တာ.....ဒီလိုသတင်းထူးမျိုးကို မပြောဘဲလျှိုထားရတယ်လို့ ..... ပြီးမှ  ဖုန်းဆက်ပြီးကို ရစ်ရမယ်....."

သူနဲ့ချိုရီတွဲနေတာကို မမက မပြောပြရကောင်းလားဆိုပြီး အစ်မခိုင်ချိုက မကျေမနပ်ဖြစ်နေလျှင် သုတ ဘာပြန်ပြောလို့ ပြောရမှန်းမသိတာကြောင့် လည်ပင်းကို အသာပွတ်သပ်လိုက်မိသည်။

"ဟိုလေ မမခိုင်ချို .... မမကို နောက်မှ မကျေမနပ်ဖြစ်ပါလားဟင်..... အရင်ဆုံး ချိုရီ့ရဲ့ အခြေအနေကို တစ်ချက်ကြည့်ပေးပါလား ..... ချိုရီက တော်တော်လေး ဖျားနေတာမို့ပါ ....."

သုတ ထိုသို့ပြောလိုက်တော့ အစ်မခိုင်ချိုက သူ့အားပြုံးစစကြည့်လာလေသည်။

"ကောင်စုတ်လေး အခုတော့ စိတ်ပူတတ်နေပြီပေါ့လေ..... တိမ်လွှာတစ်ယောက် သူ့မောင်က သူ့လိုမျိုးပဲ တစ်ယောက်ထဲနေမယ့် လမ်းစဥ်ကို လိုက်မှာလား မသိဘူးဆိုပြီး ညည်းနေတာတောင် ဘာကြာသေးလို့လဲ ...... အခုတော့ သူ့ရဲ့ မောင်အကောင်းစားလေးက တကယ့်ဒိတ်ဒိတ်ကြဲအလှလေး ချိုရီဆည်းဆာကိုမှ လက်ဦးသွားခဲ့တာ...... "

💛 Sweet Like Honey 💛Where stories live. Discover now