💛 Sweet Like Honey 💛
အပိုင်း 52
Stage ပေါ်မှာ ယုံကြည်ချက်အပြည့်နဲ့ ဖျော်ဖြေသီဆိုနေသည့် ချိုရီကို ကြည့်နေတဲ့ သုတရဲ့ မျက်၀န်းတွေထဲမှာ ကြည်နူးဂုဏ်ယူခြင်းတွေ ပြည့်လျှမ်းနေတာမို့ သူငယ်ချင်းဖြစ်တဲ့ ဥာဏ်ပြည့်မှာ မျက်နှာကို တစ်ဖက်သို့လွှဲကာ ကျိတ်ပြုံးရသည်။
ကာယကံရှင် သုတ တော့မပြောတတ်...... သုတရဲ့ အစီအစဥ်တွေကို ဘေးကနေ ၀င်ပြီး ကူညီပေးခဲ့တဲ့သူပင် ဒီနေ့အတွက်ကို စိတ်တွေလှုပ်ရှားနေမိသည်။
Stage ပေါ်မှာရှိနေတဲ့ ချိုရီကလဲ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ်ပြောင်းဆိုကာ Outfit တွေ တစ်စုံပြီးတစ်စုံ လဲလှယ်နေပေမယ့် ဖျော်ဖြေနေသည့် Tempo ကတော့ နည်းနည်းလေးတောင် လျော့ကျသွားခြင်း မရှိချေ။
တစ်ခါတစ်ခါမှာလဲ သုတနဲ့ အကြည့်ချင်းဆုံပြီး စင်ပေါ်ကနေ eyes contact လှမ်းလုပ်တတ်သည်။
အခုတော့လဲ သူ့ရဲ့ idol နဲ့ သူငယ်ချင်းဖြစ်သူတို့ရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ကျီစယ်မှုလေးတွေကို ဥာဏ်ပြည့် ကျင့်သားရနေပြီဖြစ်၏။
သူနဲ့ ညီမလေးက သုတ နဲ့ ဘေးချင်းကပ်ရပ်မှာထိုင်နေတာကြောင့် ချိုရီ B zone နားကို ရောက်ရောက်လာတိုင်း သူ့ညီမလေးက သဘောတွေအကြီးကြီးကျပြီး တဟိဟိနဲ့ ရယ်တတ်သည်။
"ဟေ့ကောင် သုတ ...... ချိုရီ ဖျော်ဖြေတာ ပထမပိုင်း ပြီးတော့မယ်နော်...... မင်း အဆင်သင့်ဖြစ်နေပြီမလား ....."
ကျယ်လောင်တဲ့ သီချင်းသံတွေကြောင့် သုတရဲ့ နား အနားတိုးကပ်ကာ အဆင်သင့်ဖြစ်နေပြီမလားဟု ဥာဏ်ပြည့်မေးလိုက်မိသည်။
ထိုအခါ သုတက သူ့ဘက်ကိုလှည့်ကာ အပြုံးတစ်ပွင့်နဲ့ ခေါင်းငြိမ့်ပြလာလေသည်။
ဖျော်ဖြေရေး ပထမပိုင်းပြီးပြီး ခဏနားတဲ့အချိန် သောင်းနဲ့ချီပြီးရှိနေတဲ့ ပရိတ်သက်တွေရဲ့ ရှေ့မှောက်မှာ ချိုရီ့ကို လက်ထပ်ခွင့်တောင်းဖို့ စီစဥ်ထားသည့် သူငယ်ချင်းဖြစ်သူကြောင့် ဥာဏ်ပြည့်မှာ အချိန်နီးလာလေ ပိုပြီး စိတ်လှုပ်ရှားလေ ဖြစ်နေရသည်။