💛 အပိုင်း 4 💛

4.1K 243 7
                                    

💛 Sweet Like Honey 💛

အပိုင်း 4

"ဒါဆို သုတက ဆိုင်ကို စမ်းချောင်းမှာဖွင့်ပြီး အဲ့မှာပဲ Aromatherapy Service ပေးတာကို လုပ်မှာပေါ့နော်...."

"ဟုတ်တယ် ချိုရီ .... လောလောဆယ်တော့ အဲ့လိုမျိုးပဲ လုပ်ဖို့ စီစဥ်ထားတယ်.... "

"ဒါဆို သုတ ဒီမှာ Aromatherapy Service စလုပ်ပြီဆိုရင် ချိုရီ့ကို ပထမဆုံး Patient နေရာမှာ ထားပေးလို့ ရမလားဟင်...."

"ဗျာ....."

"အမှန်တိုင်းပြောရရင် ဒီနေ့ သုတနဲ့ တွေ့ချင်ခဲ့တာက Reed Diffuser လေးကို သုံးလို့ အဆင်ပြေရုံ သပ်သပ်ကြောင့်ပဲ မဟုတ်ပါဘူး...... အရှိကိုအရှိတိုင်း၀န်ခံရရင် ချိုရီက ညအိပ်မပျော်တဲ့ ဝေဒနာကို ခံစားနေရတာ ကြာပါပြီ...... "

မင်းသမီးချိုရီဆည်းဆာမှာ ညဘက်အိပ်မပျော်တဲ့ဝေဒနာ ရှိနေတယ်ဆို၍ သုတ အံ့သြသွားရသည်။

"အဲ့ဒီဝေဒနာကို ပျောက်ဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ချိုရီ ကြိုးစားခဲ့ဖူးပေမယ့် အဆင်မပြေခဲ့ပါဘူး..... အမြဲကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ချိုရီရဲ့ ညအိပ်မပျော်တဲ့ အခြေအနေက ပိုပြီးတောင် ဆိုးရွားလာပါသေးတယ်....... အဲ့တာကြောင့် ညဘက်တွေမှာ အိပ်ပျော်ဖို့အတွက် ကျန်းမာရေးရှုထောင့်ကကြည့်ရင် ရေရှည်မှာ ဘယ်လိုမှ မသင့်တော်တဲ့ အိပ်ဆေးတွေပဲ ချိုရီ သောက်ခဲ့ရတယ်.....

ဒါပေမဲ့ မနေ့ညကတော့ သုတရဲ့ Reed Diffuser လေးကြောင့် စိတ်ထဲမှာ ကြည်ကြည်လင်လင်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပါတယ်...... အဲ့တာကြောင့်မို့ပဲ ဒီနေ့ မမတိမ်လွှာကို ချက်ချင်းဆက်သွယ်ခဲ့တာပါ....."

"ဟိုလေ ချိုရီ .... အဲ့ဒီဝေဒနာကို ချိုရီခံစားနေရတာ အချိန်ဘယ်လောက်လောက် ရှိပြီလဲ မသိဘူး ....."

"နှစ်ချီနေပြီ သုတ....."

"အဲ့တာဆိုရင်တော့ ချိုရီအရင်ဆုံး ကျန်းမာရေးစစ်ဆေးမှုခံယူတာက ပိုပြီးအဆင်ပြေမယ်ထင်တယ်..... အိပ်ဆေးတွေကို နှစ်နဲ့ချီပြီး စွဲသောက်နေတာက အမှန်အတိုင်းပြောရရင် လုံး၀မကောင်းဘူး ချိုရီ .... ကြာရင် ဦးနှောက်ရဲ့ တွေးခေါ်နိုင်မှုစွမ်းရည်ပါ ကျဆင်းလာလိမ့်မယ်....."

💛 Sweet Like Honey 💛Where stories live. Discover now