💛 အပိုင်း 49 💛

2.8K 204 4
                                    

💛 Sweet Like Honey 💛

အပိုင်း 49

လေလံပွဲမှာ ပထမဆုံး ပြသလာသည့် ပစ္စည်းက ထူးခြားတဲ့ ရနံ့တစ်မျိုးရှိတဲ့ (.....) ပန်းကို အမှုန့်ခြေပြုလုပ်ထားသည့် ရနံ့မှုန့် တစ်မျိုးဖြစ်သည်။

စင်ပေါ်မှ အစီအစဥ်တင်ဆက်သူနှစ်ယောက်က ပစ္စည်းအကြောင်းကို ရှင်းပြပြီးတာနဲ့ လေလံဆွဲမယ့်သူတိုင်းရဲ့ စားပွဲပေါ်မှာရှိနေသည့် iPad ထဲကနေ ပစ္စည်းနဲ့ သက်ဆိုင်တဲ့ မေးခွန်းတစ်ခု ပေါ်ပေါက်လာလေသည်။

သူ့အတွက် လွယ်ကူနေတဲ့ မေးခွန်းမို့ သုတ ချက်ချင်းပဲ ဖြေဆိုလိုက်သည်။ ပြီးလျှင် ပစ္စည်းအတွက် သူ သင့်တော်မယ်လို့ ထင်တဲ့ ငွေပမာဏတစ်ခုကို သုတ ရွေးချယ်လိုက်သည်။

ပထမဆုံးမေးခွန်းမှာတင် အဖြေမှန်တဲ့သူက သိပ်မရှိတာကြောင့် လေလံဆွဲတာကိုပင် ကြာကြာမလုပ်လိုက်ရဘဲ သူလိုချင်တဲ့ ပစ္စည်းတစ်ခုကို သုတ အလွယ်တကူရလာခဲ့သည်။

နောက်ပစ္စည်းတွေ ဘယ်လိုလာမလဲ မသိပေမယ့် ပထမ ပစ္စည်းမှာတော့ Mavellery ဘက်က တုံ့ပြန်လာခြင်း မရှိချေ။

သူလိုချင်တဲ့ ပစ္စည်းလေးက Mavellery ရဲ့ ရေမွှေး brand အတွက် လိုအပ်နေတဲ့ ပစ္စည်းမဟုတ်လို့ တော်သေးတယ်ဟု သုတ တွေးကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းရှိုက်လိုက်မိသည်။

ထို့နောက် လေလံပွဲမှ အစီအစဥ်တင်ဆက်သူတွေက စီစဥ်ထားတဲ့ ပစ္စည်းတွေကို အစဥ်လိုက်အတိုင်း ပြသလာကြသည်။

တစ်ခုပြီးတစ်ခု ပြလာတဲ့ပစ္စည်းတွေထဲကမှ သူ့အတွက် တကယ်လိုအပ်တဲ့ ပစ္စည်းအချို့ကို သုတ လေလံအောင်ကာ ရယူနိုင်ခဲ့သည်။

Mavellery ကလဲ ဒီနေ့ပွဲမှာ ရေမွှေးနဲ့ ပတ်သက်တဲ့ ကုန်ကြမ်းပစ္စည်းတော်တော်များများကို လေလံအောင်ထားခဲ့သည်။

19 ခုမြောက်အနေနဲ့ ပြသမယ့် ပစ္စည်းကို စတင်မိတ်ဆက်လိုက်သည့် အချိန်မှာတော့ သုတအပါအ၀င် လေလံပွဲမှာရှိနေကြတဲ့ သူတွေအားလုံးရဲ့ ခန္ဓာကိုယ်တွေဟာ မတ်ခနဲဖြစ်သွားကြရသည်။

ထိုပစ္စည်းက ရနံ့ကုထုံးအတွက် တကယ်ကို အသုံး၀င်ပြီး အရှားပါးဆုံးလို့ပင် ဆိုရပေမည်။ ထို့အပြင် ရေမွှေးဖော်စပ်မယ်ဆိုရင်လဲ သူ့ရဲ့ရနံ့က တကယ့်ကို ပြိုင်ဘက်ကင်းပြီး Luxury ဖြစ်တဲ့ Vibe ကို ရရှိစေမှာ အသေအချာပင်။

💛 Sweet Like Honey 💛Where stories live. Discover now