💛 Sweet Like Honey 💛
အပိုင်း 48
"ဒါဆို မနက်ဖြန် လေလံပွဲပြီးရင် မောင်တို့ကျောင်းရဲ့ နှစ်ပတ်လည်ပွဲပဲရှိတော့တာမလားဟင် ..... အဲ့ပွဲပြီးရင် မောင်က ဒီကိုပြန်လာတော့မှာ မဟုတ်လား ......."
"အွန်း ကျောင်းက နှစ်ပတ်လည်ပွဲပြီးတာနဲ့ မောင် ချက်ချင်းပြန်လာခဲ့မယ်နော်...... မောင်လဲ မောင့်ရဲ့ အချစ်ကလေးကို အရမ်းလွမ်းနေပြီ ....... "
"ချိုရီရောပဲ ...... မောင့်ကို အရမ်းလွမ်းနေပြီ ....... မောင်နဲ့ မတွေ့ရတဲ့ ချိုရီ့ရဲ တစ်နေ့တာက လုံး၀ကို တစ်ခုခု လိုနေသလိုမျိုးပဲ သိလား ..... ချိုရီ့မှာ အချိန်တွေ မြန်မြန်ကုန်သွားပါစေလို့ပဲ ဆုတောင်းနေရတယ်......."
ဖုန်းထဲကနေ ချစ်ဖို့ကောင်းစွာ ချွဲတတ်လွန်းသည့် ချစ်ရသူလေးကြောင့် သုတ နှုတ်ခမ်းတွေ ပြုံးယောင်သမ်းသွားရသည်။
"ဒါနဲ့လေ မောင် မနက်ဖြန်သွားမယ့် လေလံပွဲက ဘယ်လိုမျိုးလဲဟင် ..... ချိုရီ့ကို ပြောပြပါလား...... ပုံမှန်လေလံပွဲတွေလိုမျိုးပဲလားဟင်......"
"အွန်း ချိုရီပြောသလို ပုံမှန်သမရိုးကျ လေလံပွဲတွေလိုပဲလို့ ပြောလို့ရပါတယ် ........ ဒါပေမဲ့ တစ်ခုတော့ရှိတယ် ....... မနက်ဖြန် လုပ်မယ့်ပွဲက ပစ္စည်းတစ်ခုကို လေလံမဆွဲခင်မှာ အဲ့ပစ္စည်းနဲ့ပတ်သက်ပြီး ဘယ်လောက်ထိ knowledge ရှိလဲဆိုတာကို သူတို့က မောင်တို့ကို မေးခွန်းမေးဦးမှာ ....... မေးခွန်းကို ဖြေနိုင်တဲ့သူတွေပဲ လေလံဆွဲခွင့်ရမှာ ......"
"အဲ့တာဆို မေးခွန်းကို မဖြေနိုင်တဲ့သူတွေက ငွေဘယ်လောက်ပဲ ပုံပေးပေး အဲ့ပစ္စည်းကို လေလံဆွဲလို့ မရတော့ဘူးပေါ့နော် မောင်........"
"ဟုတ်တယ် ချိုရီ ......"
"ဟင် ခက်ခဲလိုက်တာ..... ဘယ်လိုပစ္စည်းမျိုးတွေမို့လို့လဲ မောင်....... အရမ်းကို ရှားလို့လားဟင်......."
"အင်း အရမ်းရှားလို့ ချိုရီ ...... ပြောရရင် မနက်ဖြန်ပွဲမှာရှိနေမယ့် ပစ္စည်းတွေက ဘယ်နိုင်ငံရဲ့ စျေးကွက်မှာမှ မရှိတဲ့အထိကို ရှားတာ ...... အဲ့တာကြောင့် မောင်တို့နယ်ပယ်ထဲက သူတွေက မနက်ဖြန်ပွဲကို အရမ်းတွေ အာရုံစိုက်ထားကြတာ......မောင်ကိုယ်တိုင်လဲ အရေးသာမကြီးဘူးဆိုရင် အခုလိုမျိုး ချိုရီနဲ့ ခွဲပြီး ဒီကိုရောက်လာခဲ့မှာ မဟုတ်ဘူး......"