💛 Sweet Like Honey 💛
အပိုင်း 56
မောင့်အိမ်ကိုရောက်တော့ မောင့်အဖွားရော၊ မောင့်မိဘတွေရော၊ မမတိမ်လွှာရောက သူမကို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုကြတာကြောင့် ချိုရီ နေရခက်တာမျိုး မဖြစ်တော့ဘဲ အချိန်ခဏလေးအတွင်းမှာပဲ အိမ်သားတစ်ယောက်လိုမျိုး မောင့်မိသားစု၀င်တွေနဲ့ ရင်းရင်းနှီးနှီးဖြစ်လို့သွားခဲ့သည်။
"အမေ ချိုရီရော ဘာကူလုပ်ပေးရဦးမလဲဟင်......"
မောင့်ဖွားဖွားက သူမကို ညနေစာပါတစ်ခါထဲ စားသွားဖို့ပြောတာကြောင့် အမေနဲ့ မမတိမ်လွှာတို့ ညစာပြင်နေကြတဲ့ အနားသို့ ချိုရီ ရောက်သွားပြီး ဘာကူလုပ်ပေးရမလဲဟု မေးလိုက်မိသည်။
"အားလုံးအဆင်သင့်ဖြစ်နေပြီသမီးရဲ့ ...... ခဏနေရင် ဟင်းတွေအကုန်ကျက်တော့မှာ....... ဒါနဲ့ သားက သမီးအနားမှာ မနေဘဲ ဘယ်တွေ သွားနေတာလဲ......"
"မောင်က အလုပ်ကိစ္စ ဖုန်း၀င်လာလို့ အခုဖုန်းပြောနေတာ အမေ....... "
"မောင်က ဖုန်းပြောနေတုန်း ဘယ်ပျောက်သွားတာလဲဆိုပြီး လိုက်ရှာနေတာ......အဟွန်း ချိုရီက မေကြီးနဲ့ မမအနားကိုရောက်နေတာပဲ ....."
မောင့်အကြောင်းပြောနေတုန်းမှာပဲ မောင်က မီးဖိုချောင်ခန်းထဲကို လိုက်၀င်လာလေသည်။
"ချိုရီက အမေ့ကို ဘာကူလုပ်ပေးရမလဲဆိုပြီး မေးနေတာမောင်ရဲ့ .......မောင် အလုပ်ကိစ္စပြောလို့ ပြီးသွားပြီလားဟင်....."
"အွန်း ပြီးသွားပြီ ချိုရီ ......"
"သားအလုပ်ကိစ္စပြောလို့ ပြီးသွားပြီဆိုရင် သမီးကို သားရဲ့ အခန်းဆီ လိုက်ပြလိုက်ဦးလေ...... ခဏနေရင် ဟင်းတွေက အကုန်ကျက်ပြီ ....... အဲ့တော့မှ မေကြီးတို့တွေ ညစာအတူတူ စားကြတာပေါ့......"
"ဟုတ်သားပဲ မေကြီးပြောမှ စဥ်းစားမိတယ် ...... လာလေ ချိုရီ .....မောင့်အခန်းဆီ ချိုရီ့ကို လိုက်ပြမယ်....."
မောင်က သူမလက်လေးကို ဆွဲပြီး ခေါ်သွားတော့ ချိုရီ အမေနဲ့ မမတိမ်လွှာတို့ကို ခေါင်းလေးငြိမ့်ပြကာ နှုတ်ဆက်လိုက်ရသည်။