သာသာ - သဘောကောင်းပြီး နှစ်ပိုင်းလုံးတစ်ခါထဲ တင်ပေးတာမျိုးက ကိုယ်ခဏခဏလုပ်နိုင်တာတောမဟုတ်ဘူးနော်~ တော်ကြာ စိတ်ကင်ဆာပေးမဲ့ ficထဲ ထိုးထည့်လိုက်မှာစိုးလို့~ နောက်ပိုင်းလေးတွေ မြန်မြန်ရသလောက်တင်ပေးချင်တာ~
__________" သခင်လေး.. အပြင်သွားမလို့လား "
" ဟုတ်တယ်! နည်းနည်းကျွေး! "
မင်းကို့ပိုင်သည် အပေါ်လှေကားမှ အမြန်ပြေးဆင်းလာပြီး အိမ်စေမလေး၏ ဗန်းထဲမှ ပန်းသစ်တော်သီးနှစ်စိတ်ကို ယူစားလိုက်လေသည်။ အိမ်စေမလေးကလည်း သူ့သခင်လေးရဲ့အကျင့်ကို သိနေသည့်အလားဖြင့် ဗန်းကို ထိုးပေးကာ အအေးတစ်ခွက်ကိုပါ လက်ထဲ ထည့်ပေးလိုက်၏။
" အွင်း~ အရည်ကိုရွမ်းနေတာပဲ တကယ်ကိုအရသာရှိတယ်၊ ဒါနဲ့ အမေရော "
မင်းကို့ပိုင်သည် ပါးလေးနှစ်ဖက်ဖောင်းနေအောင် သစ်တော်သီးစိတ်များကို ထိုးထည့်နေပြီး အအေးခွက်ကိုလည်း အလျင်အမြန် တစ်ကျိုက်ထဲ မော့သောက်လိုက်လေသည်။ အိမ်စေမလေးသည် သခင်လေးကို ဂရုတစိုက်လိုက်ကြည့်ရင်း ထစ်ရှူးရွက်ကိုလည်း ကမ်းပေးလိုက်ကာ တရိုတသေ ဖြေပေးလေသည်။
" သခင်မကြီး အဓိဌာန်ရှိလို့ ဘုရားခန်းထဲဝင်သွားပါပြီ သခင်လေး "
" ဒါဆိုလည်း ပြန်လာမှအကျိုးအကြောင်းပြောတော့မယ်၊ သွားပြီနော် "
" ဟုတ်ကဲ့ သခင်လေး ဂရုစိုက်သွားပါ "
မင်းကို့ပိုင်က သူ့လက်ထဲမှ ကားသော့ကို လက်ညိုးပေါ်တွင် လှည့်ကာ ဆော့ကစားရင်း ကားဂိုထောင်ထဲသို့ ပြေးဝင်လာခဲ့သည်။ သူက ဂိုထောင်ထဲမှ မာစီးဒီးကားများကို ကြည့်ရင်း မျက်နှာမဲ့လိုက်ကာ အနီရောင် နုနုလေးဖြစ်သော ပြိုင်ကားအသေးတစ်စီးကိုသာ ရွေးချယ်လိုက်သည်။
" သခင်လေး "
" အမလေး! လန့်တာ "
မင်းကို့ပိုင်က အသံမပေးဘာမပေးနှင့် ရုတ်ချည်းရောက်လာသော ဒရိုင်ဘာဦးလေးကြောင့် တုန်တက်သွားပြီး ကားသော့တောင်ပြုတ်ကျသွားသေးသည်။" သခင်ကြီးက သခင်လေးကို တစ်ယောက်ထဲ ကားမမောင်းဖို့ အမိန့်ထုတ်ထားပါတယ် "
YOU ARE READING
Beyond The Friendship(Completed)
General Fictionမိသားစုရဲ့ အတိတ်ဆိုးတွေနဲ့ traumatized ဖြစ်ခဲ့တဲ့ ဈာန်မျိုးဆက် Dominant Alphaငယ်လေးနဲ့ တက်ကြွကာ ရည်းစားရှုပ်ပြီး အီစီကလီကျွမ်းကျင်လွန်းတဲ့ ဘီတာကိုကြီးတို့ တွေ့ဆုံချိန်... ထူးခြားတဲ့ အတိတ်တွေရဲ့သော့ချက်ကို ကလဲ့စားချေမဲ့ Alphaလေးက ဘီတာကိုကြီးနဲ့အတူ မ...