အချိန်လေးနှစ်ကုန်ဆုံးပြီးသော်.....
စာသင်နှစ်တစ်ခု၏ အဆုံးသတ်၊ နွေရာသီလေးလပိုင်းအစတွင် စာလုပ်ရတာ သဘောကျတတ်သည့် စာကြမ်းပိုးများနှင့် မိဘတွေရဲ့ တွန်းကန်အားကြောင့် စာလုပ်နေရတဲ့ ကလေးတွေက ကျူရှင်ကိုယ်စီဖြင့် စာသင်နှစ်နောက်တစ်နှစ်ကို အစပြုခဲ့ကြ၏။ ကိုယ်ပိုင်ကျောင်းတက်သည့် ကလေးတွေဆို သုံးလပိုင်းလောက်ကတည်းက ကျူရှင်တွေကြိုတက်ပြီး နှစ်ဝက်လောက်စာကို ညှက်ညှက်ကြေညောနေတတ်ကြပြန်သည်။
၎င်းတို့အထဲမှ တစ်ယောက်ပါဝင်သော ကျောင်းသားတစ်ဦး။
ဒီဇာတ်လမ်းတစ်ခုလုံးရဲ့ အမျိုးသားဇာတ်လိုက်ကလေး မင်းကို့ပိုင်ကတော့ ချမ်းသာရုပ်ချောကံကောင်းပြီး စာကြမ်းပိုးဖြစ်ခဲ့ရဲ့သားနဲ့ အထွေထွေအတန်း ပထမနှစ်အရောက်တွင် အိမ်က သူ့အဖေကုမ္ပဏီနဲ့ ကျန်းမာရေးပြဿနာတက်သဖြင့် လေးနှစ်လောက်ကျောင်းနားခဲ့ရပြီး အခုမှ ပြန်တက်ရချိန်တွင် ချစ်လှစွာသော ဦးနှောက်ငယ်လေးဟာ စာများစွာ လုံးထွေးနေခဲ့ပြီပင်။နာမည်ကြီး ကျူရှင်များသည် နွေရာသီတွင် ရေအခိုင်ဆုံးဖြစ်ကြလေသည်။ အတန်းခွဲပေါင်းများစွာနှင့် သင်ကြားပေးမည့် ဆရာ / ဆရာမ များစွာလည်း ရှိကြလေလေ ဒလမြို့၏ နေရာအနှံ့အပြားမှ ကျောင်းသား၊ကျောင်းသူများစွာကို တွေ့ရလေလေဖြစ်သည်။
မင်းကို့ပိုင်တက်သည့် ကျူရှင်မှာ အကျယ်အဝန်းနှင့်တောင် ကိုယ်ပိုင်ကျောင်းတစ်ကျောင်းစာနီပါး ကျယ်ပြီး တစ်နှစ်လျှင် အလယ်တန်းမှစ၍အထွေထွေအတန်းကြီးများအထိ ကျောင်းသားအနည်းဆုံး တစ်ရာကျော်နီးပါးလောက်ရှိပေသည်။ ထိုသို့ အိမ်တစ်လုံးအပြည့် သင်ပေးမည့် အကျယ်အဝန်းကြောင့် ကျောင်းတက်သည်ဟု အထင်မှားနိုင်သည်။" ဟေ့ကောင်တွေ..... မင်းတို့ သူ့ကို အနိုင်မကျင့်နဲ့ "
နက်ရှိုင်းပြီး ဩရှရှအသံနှင့် အရွယ်ရောက်ပြီးသား မင်းကို့ပိုင်၏ အသံသည် ကျူရှင်ဝန်း၏ ခြံနောက်တွင် ဟိန်းလို့သွားသည်။ ငိုင်တိုင်တိုင် မင်းကို့ပိုင်ကို မော့ကြည့်သော ကောင်များသည်လည်း ဆတ်ကနဲ တုန်တက်သွားကာ အနိုင်ကျင့်ခြင်းအမှုကို ရပ်တန့်လိုက်ကြသည်။
YOU ARE READING
Beyond The Friendship(Completed)
General Fictionမိသားစုရဲ့ အတိတ်ဆိုးတွေနဲ့ traumatized ဖြစ်ခဲ့တဲ့ ဈာန်မျိုးဆက် Dominant Alphaငယ်လေးနဲ့ တက်ကြွကာ ရည်းစားရှုပ်ပြီး အီစီကလီကျွမ်းကျင်လွန်းတဲ့ ဘီတာကိုကြီးတို့ တွေ့ဆုံချိန်... ထူးခြားတဲ့ အတိတ်တွေရဲ့သော့ချက်ကို ကလဲ့စားချေမဲ့ Alphaလေးက ဘီတာကိုကြီးနဲ့အတူ မ...