BTF(23)

482 15 0
                                    

တိတ်ဆိတ်သော ညအလင်းကို ထိုးဖောက်ပြီး စာရွက်တချို့ကို ဆုတ်ဖြဲထားသော စားပွဲတွင် ကျိုးပဲ့နေသော ပစ္စည်းများက ပြန့်ကျဲနေသည်။
အပြင်ဘက်တွင် နေလင်းစပြုလာသည်နှင့် ပြတင်းပေါက်မှ လူငယ်လေးဟာ မျက်ဝန်းများပိတ်ချလိုက်ပြီး အတွေးများစွာထဲမှ ရုန်းကန်လို့ထွက်လာလိုက်သည်။
သို့ဖြင့် မနက်ဟာ သူမသိလိုက်ခင်မှာပဲ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
ကိုယ့်ကို ညီ ဒီထက်ပိုပြီးယုံကြည်ပေးရင် သိပ်ကောင်းမှာပဲ.....။

" …ကိုယ် ညက ထူးဆန်းတဲ့ အိပ်မက်တစ်ခုမက်ခဲ့တယ်သိလား၊ အိပ်မက်ထဲမှာ ညီက ငွေတွေအကုန်ဆုံးရှုံးသွားပြီး သူတောင်းစားဖြစ်သွားတယ်တဲ့ "

မင်းကို့ပိုင်က မနက်စာပန်းကန်လေး ချလိုက်ရင်း သူ့အေပရွန်ကို ချွတ်လိုက်ကာ ညီထံ စိုးရိမ်တကြီး အတည်ပေါက်မျက်နှာဖြင့် ပြောလိုက်သည်။
နှောင်းက သူ့စကားကြောင့် မျက်စိမှေးဝင်သွားပြီး အိပ်ချင်မူးတူး ဆံပင်အထောင်များကို ကုတ်ခြစ်လိုက်ရာ အရေပြားများပင် ထုံကြင်သွားမိသည်။

" အကို ကျနော့်ကို မနက်စောစောစီးစီး ကျိန်ဆဲနေတာလား "

" မဟုတ်ပါဘူး၊ ကိုယ်က အိပ်မက်မက်ပြီး အရမ်းစိုးရိမ်နေမိလို့ ညီကို ပြောပြတာ၊ ညီပိုက်ဆံလိုရင် ကိုယ့်ကိုပြော သိလား၊ ကိုယ်က မိန်းမလေးကို စုတ်စုတ်ပြတ်ပြတ်ဝတ်ပြီး လမ်းဘေးမထွက်စေချင်ဘူး "

နှောင်းက အချိန်ခဏလောက် ဆွံ့အသွားသည်။
ဒီလူက ဘယ်ချိန်ထိ ဒိုမင်နမ်အယ်လ်ဖာတစ်ယောက်ကို မိန်းမဟု တင်စားနေမှာလဲ!
ငါလုပ်လိုက်ရင် အရိုးအသားတစ်ခြားစီဖြစ်နေတော့မှာပဲ!

" .... မနက်အစောကြီး ကျနော့်ကို ဒေါသထွက်အောင် လာဆွနေတာလား "

" ညီရယ် အဲ့လောက် မာထန်တဲ့ ဖော်မုန်းတွေမထုတ်ပါနဲ့ကွာ ကိုယ်က စိုးရိမ်လို့ကို "
မင်းကို့ပိုင်ဟာ မျက်နှာငယ်လေးဖြင့် အသနားခံလိုက်သည်။

" ကျနော့်စွမ်းရည်နဲ့သူတောင်းစား ဖြစ်မဲ့အစား ခင်ဗျားတို့မိသားစုနဲ့ သောက်ရေးမပါတဲ့ ဈာန်တွေကိုတောင် ဖိနှိပ်ပလိုက်အုံးမှာ "

Beyond The Friendship(Completed)Where stories live. Discover now