BTF(29)

540 19 1
                                    

နှောင်းခေတ်မောင်ကို ဆန့်ကျင်ပြီး မင်းကို့ပိုင်က ခေါင်းမာမာပဲ အိမ်မှာ ဆက်ရှိနေခဲ့သည်။ သူက ကုမ္ပဏီနဲ့ ကျောင်းကိုတောင် စွန့်လွှတ်ပလိုက်ပြီး အခန်းထဲ၌ တစ်ချိန်လုံးပိတ်လှောင်ထားသော သူကြောင့် ရင်လေးနေရသည်။

" ညီ.... ကိုယ့်တကယ် ကူညီပေးချင်လို့ပါ... ညီ တစ်ယောက်ထဲ နာကျင်နေတာကို ကိုယ်တကယ်မကြည့်ရက်လို့ပါ "

မင်းကို့ပိုင်က တံခါးနားကို ကပ်ပြီး မျက်နှာငယ်လေးရှိ၏။ သူနှင့်ဆန့်ကျင်ဘက် အခန်းတွင်းထဲမှာတော့ ဆိုက်ကလုန်းမုန်တိုင်းထက် ပြင်းထန်သည့်‌ ဖော်မုန်းများက စိတ်ရိုင်းဝင်နေသည့် သားရဲလိုမျိုး သူ့သခင်ကိုတောင်မှ သတိမရတော့ဘဲ ပြန်တိုက်ခိုက်နေသည်။

နှောင်းက ကုတင်ဘေးက ကြမ်းခင်းပေါ်တွင် တောင့်ခဲနေပြီး သူ့ရဲ့နှုတ်ခမ်းများက အသက်ကို အလုအယက် ရှုနေရသည်။ များပြားသည့် ချွေးများက ဘေးတွင်အိုင်ထွန်းနေပြီး အင်္ကျီတောင်မှ ကပ်ခွာလိုမျိုး ခန္ဓာကိုယ်ပေါ်တွင် ကပ်နေ၏။ သူ့ရဲ့ နဖူးကြောများက ကိုယ်ပိုင်ဖော်မုန်းများရဲ့ အသိစိတ်မရှိသော တိုက်ခိုက်မှုကြောင့် တင်းမာနေပြီး သူ့ရဲ့ အကြားအာရုံက ပျက်စီးလျက် အမြင်အာရုံက ထွေပြားနေခဲ့သည်။

သူက တော်ရုံ Rutမဖြစ်တတ်ဘူး၊ Rutဖြစ်ချိန် မမှန်တတ်တဲ့သူပေါ့။ ငယ်ငယ်တုန်းက မတော်တဆမှုပြီးကတည်းက လေးနှစ်တိုင် Rutဖြစ်စဉ်က ရပ်တန့်သွားခဲ့ပြီး ပြန်လည်ဖြစ်ပေါ်လာချိန်မှာတော့ တားဆေးများကတောင် သူ့ကို မထိန်းချုပ်ပေးနိုင်ခဲ့ဘူး။ ဒါ့အပြင် သူ့ရဲ့rutက သူ့ဖော်မုန်းကို အသိစိတ်လွတ်ထွက်သွားအောင် လှုံဆော်ပေးလွန်းနေတာကြောင့် ဒီအချိန်တွင် သူကိုယ်‌တိုင်ရော သူ့ပါတနာရောက အန္တရာယ်ရှိလေသည်။
အမှန်ဆို သူက ဒီလထဲမှာတော့ Rutမဖြစ်လောက်ဘူးဟု တွက်ထားခဲ့တယ်၊ ဘာလို့ဆို အရင်တခေါက်ကနဲ့ တွက်ကြည့်လိုက်ရင် တစ်နှစ်တောင် မပြည့်သေးလို့ပင်။ ဒါပေမဲ့ အခုတော့ သောက်ဒိုမင်နမ့်အိုမီဂါမက သူ့ရဲ့ ပုန်းလျှိုနေသော ရန်သူကို သွားဆွပေးလိုက်၏။

သူ့ရဲ့ Rutဖြစ်တာမှာ အနားယူဖို့အချိန်သေးသေးလေးတော့ရှိသည်။ နှစ်နာရီကြာတစ်ခါ ဖော်မုန်းတွေက အသိစိတ်ပြန်ဝင်လာတတ်ပြီး Rutစက်ဝန်းက ဆယ်မိနစ်လောက် ရပ်‌သွားလေ့ရှိလေသည်။
ဒါက သူ့ရဲ့ခပ်ကြောင်ကြောင် Rutစည်းမျဉ်းလို့ပဲ ပြောရမယ်...။

Beyond The Friendship(Completed)Where stories live. Discover now