BTF(34)

547 11 0
                                    

" မင်းမှာ ကိုယ်ဝန်ရှိနေပြီ "

ကိုယ်ဝန်! ကိုယ်ဝန်? ကိုယ်ဝန်??
ညီနဲ့ ရတဲ့ ကလေး?
မင်းခပိုင်ဟာ ယနေ့တွင် သူခံစားရတဲ့ အရာအားလုံးက များပြားလွန်းလှတာကြောင့် ခေါင်းတစ်ခုလုံးထုံကျင်သွားပြီး နှလုံးသားတစ်ခုလုံးက အပ်များထိုးစိုက်နေသကဲ့သို့ နာကျင်သွားမိသည်။
ကလေးတဲ့လား....
ကလေးဆိုတာကို ကြားလိုက်မှ သူအိုမီဂါဖြစ်လာရင် ပေးဆပ်ရမဲ့ အဆိုးဝါးဆုံးအရာတစ်ခုကို သူသတိရလိုက်သည်။
ညီ... နှောင်းခေတ်မောင်... နှောင်းက အိုမီဂါဖော်မုန်းတွေကို ကြောက်တယ်...
သူ့ကို နှောင်းကို ကြောက်နေတော့မှာလား.. နှောင်းက သူ့ကို ထားခဲ့တော့မှာလား...

" မဖြစ်ဘူး... "

သူက ဝေဝေဝါးဝါးဖြင့် ရေရွတ်ပြီး သူ့အကိုလတ်ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်၏။ သူ့မျက်လုံးများမှ ငွေရည်လေးများစီးကျလာပြီး ထိုးကိုက်နေတဲ့ ခေါင်းကို ဖိကိုင်ထားမိသည်။
မဖြစ်ဘူး... သူအိုမီဂါဖြစ်လို့မရဘူး...
ညီက အိုမီဂါတွေကို မုန်းတယ်..... ငါက အိုမီဂါဖြစ်သွားပြီဆိုတော့.. ညီက ငါ့ကို မုန်းတော့မှာပေါ့...
ကလေးက..... ကလေးကရော... ကလေးကိုရော ညီမုန်းသွားမှာလား...

မင်းခပိုင်ဟာ အဆုံးမရှိတဲ့ ကမ္ဘာ့ချောက်နက်ကြီးဆီ ပြုတ်ကျသွားသလိုပဲ၊ သူ့နှလုံးသားတစ်ခုလုံးမှာ လေဟာပြင်တစ်ခုကဲ့သို့ အေးစက်ပြီး လစ်ဟာသွားသည်။ အလင်းမရှိသော အမှောင်ထုထဲသို့ ကျရောက်သွားသလိုမျိုး သူဘာဆိုဘာမှမတတ်နိုင်သော တောင်နံရံကြီးကို မျက်နှာချင်းဆိုင်လိုက်ရသည်။
သူမေ့မြောနေချိန်က လေးလံပြီး အသက်ရှုရခက်သည့် အမှောင်ထုထဲမှာ သူတစ်ချိန်လုံး လမ်းလျှောက်နေခဲ့သည်။ သူက သတိလစ်မေ့မြောနေတယ်ဆိုတာကို သူသိနေခဲ့သည်။ သူအရှုံးပေးလို့မရဘူး။ သူသေလို့မရဘူး။ ညီကို သေသေချာချာ ဖွင့်ပြောချင်သေးတယ်လို့ သူတွေးပြီး အမှောင်ထုကို ကျော်ဖြတ်ရန် ကြိုးစားခဲ့ရသည်။
ထိုအခါမှာသာ သူဘယ်လောက်တောင်မှ ညီကို ချစ်နေပြီလဲ ဆိုတာ အတိအကျ နားလည်သွားခဲ့သည်။
ဘယ်လောက်တောင် ရူးမိုက်လိုက်သလဲ.. တချိန်လုံးသူက ညီကို ချစ်မြတ်နိုးနေခဲ့တာ၊ ဒါကြောင့်မို့ပဲ ခုနောက်ပိုင်းမှာ မိန်းကလေးတွေနဲ့ တွဲသွားတွဲလာ နည်းပါးလာပြီး သူတို့ကိုထိရမဲ့အစား ညီကိုသာ ထိတွေ့နေချင်မိခဲ့တာ... ဒါကို သူနားမလည်နိုင်ဘဲ သူတို့ သူငယ်ချင်းဆက်ဆံရေးက လေးနက်တယ် ဟုသာ တွေးနေမိခဲ့သည်။
အခု အားလုံးကို နားလည်လိုက်တော့ သူက အိုမီဂါဖြစ်နေပြီတဲ့လား... ညီအမုန်းဆုံးနဲ့ အကြောက်ဆုံးဖြစ်တဲ့ အရာတစ်ခုက သူ့ဆီမှာ ဖြစ်လာခဲ့ပြီ။

Beyond The Friendship(Completed)Where stories live. Discover now