နှင်းသားများနေရာတိုင်းတွင် ဖွေးနေပြီး အစိမ်းရောင် သစ်ပင်များစွာမှာ ကြယ်ရောင်များလင်းလက်နေသည့် မီးလုံးများစွာကို တပ်ဆင်ပြီး မြောက်ဝင်ရိုးစွန်း၏ အလင်းတန်းများထက်တောင်မှ တောက်ပနေသော အလင်းရောင်များကို လမ်းတစ်လျှောက်တွင် အလှဆင်ထားလေသည်။
လန်ဒန်မြို့ရဲ့ ခရစ်စမတ်ဟာ ခမ်းနားလှသော ပွဲတော်ကြီးတစ်ခုဖြစ်ပြီး နေရာတိုင်းတွင် ဆန်တာဘိုးဘိုးကြီးဝတ်စုံနှင့် လူများကို တွေ့နိုင်ပြီး လမ်းတွင် သွားလာလှုပ်ရှားနေကြသော လူအုပ်ကြီးကလည်း ပုရွက်ဆိတ်အုံထက်တောင် များပြားလွန်းလေသည်။
ထိုလူအုပ်ရဲ့ ခပ်လှမ်းလှမ်းတနေရာ ကော်ဖီဆိုင်ရှေ့လေးတွင် အရပ်ခြောက်ပေနှင့် နွေးထွေးသော သစ်သားရောင်ဆွယ်တာကို ဝတ်ဆင်ပြီး အဖြူရောင် မာဖလာပတ်ထားသော ဖြူဥနေသည့်အသားအရေနှင့် အမျိုးသားတစ်ဦးဟာ သူ့ရဲ့လက်နှစ်ဖက်ကို ဆုပ်ထားပြီး မျက်နှာမှောင်ကြုံထားလေသည်။ သူဘေးတွင်တော့ အရပ်ငါးပေ ရှစ်လောက် ရှိသော ဗမာရုပ်ကျကျနှင့် မျက်နှာဝိုင်းဝိုင်း၊ ပိန်ပါးတောင့်ဖြောင့်သော အမျိုးသားက အလားတူမျက်မှောင်ကြုံထားပေမဲ့ သူ့ဘေးက အမျိုးသားလေးရဲ့ လက်ကို ဆုပ်ထားပြီး စကားများကို တီးတိုးပြောဆိုနေလေသည်။" ယောကျာ်း~ စိတ်မပူပါနဲ့ မောင်တို့သားနဲ့ သမီးက ထင်တာထက်ပိုပြီး ဉာဏ်ကောင်းကြပါတယ်၊ သူတို့ကို လိုက်ရှာနေတာထက် သူတို့ပြန်လာရင် လမ်းမလွဲသွားအောင် ရပ်စောင့်နေတာက ပိုကောင်းတယ်~~ "
" နှောင်းခေတ်မောင်!! မင်းက အခု ကလေးဖအေတစ်ယောက်နော်! ဘာလို့ ငါးနှစ်သားကလေးနှစ်ယောက် လူတိုးပြီး ပျောက်သွားတာကို စိတ်မပူရတာလဲ!! ငါ့သားနဲ့ သမီးက မင်းသွေးသားတွေလေ! "
ယောကျာ်းရယ်~ ကျုပ်လည်း စိတ်ပူချင်တဲ့ ဒယ်ဒီတစ်ယောက်ဆိုပေမဲ့ ရူးလောက်တဲ့ အိုင်ကျူနဲ့ သားတစ်ယောက်မွေးထားတာကို ဘယ်လိုလုပ်မေ့ပစ်နိုင်ရမလဲ??
" ယောကျာ်းရယ် ယောကျာ်းကို စိတ်မပင်ပန်းစေချင်လို့ပါ~~ ယောကျာ်းမေ့သွားပြီလား မောင်တို့သားရဲ့ ဦးနှောက်ကိုလေ "
YOU ARE READING
Beyond The Friendship(Completed)
General Fictionမိသားစုရဲ့ အတိတ်ဆိုးတွေနဲ့ traumatized ဖြစ်ခဲ့တဲ့ ဈာန်မျိုးဆက် Dominant Alphaငယ်လေးနဲ့ တက်ကြွကာ ရည်းစားရှုပ်ပြီး အီစီကလီကျွမ်းကျင်လွန်းတဲ့ ဘီတာကိုကြီးတို့ တွေ့ဆုံချိန်... ထူးခြားတဲ့ အတိတ်တွေရဲ့သော့ချက်ကို ကလဲ့စားချေမဲ့ Alphaလေးက ဘီတာကိုကြီးနဲ့အတူ မ...