BTF(15)

578 18 0
                                    

မိုးရာသီရဲ့ အေးစိမ့်သည့် မိုးစက်များနှင့်အတူ ကျောင်းသားတိုင်း၏အိမ်မက်ဆိုး စာမေးပွဲကြီးဟာ နီးကပ်လို့လာခဲ့သည်။
ယနေ့တွင် စာကျက်ရမှာ သေလောက်အောင်ပျင်းသည့် နှောင်းခေတ်မောင်ကတော့ တက်တက်ကြွကြွဖြင့် စာအုပ်ပိုက်ကာ တစ်စုံတစ်ဦးနောက်ကို ပြေးလိုက်နေလေသည်။ ရှေ့မှ တက်တက်ကြွကြွဖြင့် ဦးဆောင်နေသူဟာလည်း လက်မောင်းခတ်မလွှဲ မင်းကို့ပိုင်ဖြစ်လျက် သူတို့နှစ်ယောက်၏ နောက်တွင် ဆံပင်ခပ်ကျဲကျဲဖြင့် သက်လယ်ပိုင်းလူကြီးဟာ တံမြက်စည်းတစ်ချောင်းနှင့် လိုက်နေလေသည်။

" မင်းတို့ကောင်တွေ!! ပြန်လာခဲ့စမ်း!! ပြဿနာရှာလွန်းတဲ့ ခွေးကောင်လေးတွေ! အတန်းထဲမှာ ပြဿနာရှာတာမလုံလောက်လို့ ကျောင်းအုပ်ကြီးကိုတောင် ပြဿနာရှာတယ်! မင်းတို့ကို ဒီနေ့မှ အသေမဆော်နိုင်ရင် ငါက မင်းတို့အတန်းပိုင်မဟုတ်တော့ဘူး "

မင်းကို့ပိုင် - " ဟာ~ ဆရာ! ဒါ ကျွန်တော်တို့အပြစ်မဟုတ်ဘူးလေဗျာ! ကျောင်းအုပ်ကြီးကပဲ ကျနော့်တို့ကို ဝေယာဝစ္စကူညီဖို့ ခေါ်ထားခဲ့ပြီးတော့ ဖိုင်လေးနည်းနည်း မတော်တဆ ဖျက်ဆီးမိတာက ကျွန်တော့်တို့အမှားမဟုတ်ဘူး "

နှောင်းခေတ်မောင် - " ဟုတ်တယ်! ကျွန်တော်တို့က ကူညီပြီး ရှင်းလင်းပေးရုံပဲ "

အတန်းပိုင် - " ဘာ!! ကျောင်းအုပ်ကြီးရဲ့ အကြွေးစာရင်းစာအုပ်ကို မီးရှို့ပစ်တာက ချီးကို ရှင်းတာလားကွ! မင်းတို့လုပ်လို့ ကျောင်းအုပ်ကြီးက မိန်းမပြန်လာရင် ဆော်ပလော်တီးခံရတော့မှာ! "

မင်းကို့ပိုင်၊ နှောင်းခေတ်မောင် - " အဲ့တာ ကျွန်တော်တို့အမှားမဟုတ်ဘူး! "

အတန်းပိုင် - " မင်းတို့ကို ကျောင်းအုပ်ကြီးရုံးခန်းထဲက ပန်းအိုးတွေပဲ သယ်ခိုင်းခဲ့တာ၊ ဒါပေမဲ့ မင်းတို့က အရစ်ရှည်ပြီး မဆိုင်တဲ့ ဖိုင်တွေကို မီးရှို့ခဲ့တယ်ဆိုထဲက သေလောက်တဲ့အမှားကို ကျူးလွန်ခဲ့ကြတာပဲ! မင်းတို့ အထွေထွေစီနီယာအတန်းက ဆရာမကို သွားကြောင်တဲ့ ပြဿနာတောင်မပြီးသေးဘူး၊ ဒီပြဿနာက ထပ်ပေါ်လာတယ်! မင်းတို့က ပြဿဒါးကောင်တွေ! ဂြိုလ်ကောင်တွေ! မင်းတို့ကို အတန်းပိုင်အနေနဲ့ ပညာပြကို ပြရမယ်!!! "

Beyond The Friendship(Completed)Where stories live. Discover now