BTF(12)

560 19 0
                                    

‌ကျောင်းက သွားခါနီးတောင် ကွန်ပျူတာ တတောက်တောက်နေရင်း တည်ကြည်စွာ အလုပ်လုပ်နေသည့် ယောကျာ်းသားကို နေ့တိုင်းမြင်နေရသည်မှာ နှောင်းအတွက် မရိုးနိုင်ပေ။ သူတို့အတူနေတာ တစ်လပြည့်တော့မည်။ တစ်ယောက်နဲ့တစ်ယောက် သိပ်ပြီး ဆက်ဆံရေးမကျဲပေမဲ့ တွေ့တိုင်း ကိုက်နေရတာက သူတို့နှစ်ယောက်ရဲ့ပုံမှန်အလေ့အကျင့်လေးလို့ ပြောရမည်။

နေ့ရော‌ညရော အလုပ်လုပ်ရင်း ကျောင်းတက်နေတာ၊ ဒီလူကြီးရဲ့ ဦးနှောက်က အပူပေးခံရလွန်းလို့ အရည်မပျော်ကျဘူးလားမသိဘူး....

အဲ့လိုသာ သူတွေးနေပေမဲ့ တကယ်တမ်းတော့ သူကိုယ်တိုင်လည်း အခန်းထဲမှာ နေ့ရောညရော အလုပ်ခိုးလုပ်နေတတ်သူပင်။
ဘာကြောင့် ခိုးကြောင်ခိုးဝှက် လုပ်နေမိလဲဆိုတာကိုတော့ သူကိုယ်တိုင်‌တောင် နားမလည်ခဲ့သေးဘူး။
အနည်းဆုံးတော့ သူတို့နှစ်ယောက်လုံးဟာ ချမ်းသားသည့်အနွယ်ချည်းပင်။ ဉာဏ်ရည်ကလည်း အလွန်တရာ ထက်မြက်ပြီး အများတကာထက် သာလွန်အောင် ဦးဆောင်နိုင်သူချည်းဖြစ်နေလို့၊ သူတို့အတွက် ကျောင်းစာထက် စက်ခရင်ပေါ်မှာပြေးနေသော ‌ငွေဂဏန်းလေးများက ပိုပြီးစိတ်ဝင်စားဖို့ကောင်းနေ၏။

" ညီ့အတွက် ... "

မင်းကို့ပိုင်က ကွန်ပျူတာကို ကြည့်နေရင်းပဲ စားပွဲပေါ်က အထုပ်တစ်ထုပ်ကို လက်ညိုးလှမ်းထိုးပြ၏။ အထုပ်ကိုသူဖွင့်ကြည့်လိုက်တော့ ကြိုးတစ်ချောင်းနှင့် စည်းနှောင်ထားသော တီရှပ်တစ်ဒါဇင်လောက်က ကာ‌လာပေါင်းစုံဖြင့် အနားသတ်အစွန်းလေးများတွင် MKPဆိုသော စာလုံးများကို ထည့်ချုပ်ထား၏။

" တီရှပ်? ဒီတီရှပ်အင်္ကျီပါးပါးလေးကို ဘယ်နားသွားဝတ်ရမတုံး! "

တကယ်လည်း သူပြောသလိုပါးလျနေသည်ပင်။ တီရှပ်ဆိုဒ်က smallထက် ကြီးတယ်ဆိုရုံလေးဖြစ်ပြီး အလင်းထဲ ဖြန့်ကြည့်ရုံဖြင့် ဖောက်ထိုးမြင်နေရသည်။

" ကလပ်လေ့ကျင့်ရေးမှာ ဝတ်ဖို့လေ~ "
တစ်ယောက်သော သူဟာ ကွန်ပျူတာကို အကြည့်မလွဲသေးပေ။
ဖြစ်ကတတ်ဆန်း တီရှပ်တွေကို ငါ့အတွက်ဆိုပြီး ဝယ်ပေးချင်ယောင်ဆောင်နေတာလား?

Beyond The Friendship(Completed)Where stories live. Discover now