ဆောင်းရာသီရဲ့မနက်ခင်းဟာ အမြဲတမ်းအေးစိမ့်စိမ့်ဖြင့် လူကို အပျင်းထူစေလေသည်။
မင်းခပိုင်က နံနက်၇နာရီလောက်မှာ နိုးလာပေမဲ့ အခုချိန်ထိ အုံ့မှိုင်းနေသည့် အပြင်လောကကြောင့် အိပမချင်မူးတူးပြန်ဖြစ်လာပြီး စိတ်များတောင် တိမ်ထူချင်လာသည်။
အဟမ်း တကယ်တော့ သူက တိမ်ထူပြီးသား လူပါပဲ~လည်ဂုတ်နေရာက ပူလောင်ပြီး တဆစ်ဆစ်ကိုက်ခဲနေခဲ့သည်။ ညက ညီဘယ်လောက်မှ နက်နက်ရှိုင်းရှိုင်း ကိုက်ပစ်ထားတယ်ဆိုတာကို တွေးကြည့်တိုင်း ဒေါသတလိမ့်လိမ့်ဖြင့် သူ့ကို ပြန်ဖက်ကိုက်ချင်လာသည်။ ဘယ်လိုလုပ် ကိုယ်ချင်းမစာမနာ ကိုက်ရက်ရတာလဲ?
ဒီကောင်က လူမဟုတ်ဘူး~ ခွေးပဲ! ခွေးတောင်မှ ရိုးရိုးခွေးမဟုတ်ဘူး၊ ဟက်စကီးခွေး!မင်းခပိုင်က သူ့ရဲ့ ခါးကို နှစ်ခေါက်သုံးခေါက်လောက် လှည့်ချိုးလိုက်ပြီး မွေးရာပါတန်းလန်းလေးဖြင့် ကုတင်ပေါ်မှ တွားသွားလျက် ဆင်းလိုက်သည်။ သူ့ခန္ဓာကိုယ်က ကိုက်ရာများ၊ နမ်းစုပ်ရာများနှင့် ပြည့်နှက်နေပြီး ညက ပြီးမြောက်မှုများကို နှစ်ကောင်လုံးမဆေးကြောနိုင်ဘဲ အိပ်စက်ခဲ့သည်မို့၊ စေးကပ်ကပ်ခံစားနေရသည်။
သူက ရေချိုးခန်းထဲကို တရွေ့ရွေ့ သွားပြီး ရေပန်းကို ဖွင့်ချကာ သူကိုယ့်သူ မှန်ထဲ ကြည့်မိချိန်တွင် နှုတ်ခမ်းတစ်ခြမ်းစောင်းချသွားရသည်။
သေစမ်း! ငါတကယ် ခွေးတစ်ကောင်ကြောင့် ဗိုက်ကြီးခဲ့ရတာပဲ!တော်သေးတာက ခွေးစုတ်ခွေးနာဟာ အသိတရားရှိနေ၏။ သူဗိုက်ထဲက ကလေးရှိသေးသည်မို့၊ ပြင်းပြင်းထန်ထန် လှုပ်ရှားမှုများကို ရှောင်ကြဉ်ခဲ့ပြီး အဆုံးထိ ထိုးသွင်းခြင်းလဲ မပြုခဲ့ပေ။ မဟုတ်လျှင် ဒီမနက် သူထနိုင်မှာမဟုတ်ချေ။
သူ့ရဲ့ ဟိ့ဒ်ကာလက သုံးရက်တာ ကြာမြင့်သည်။ ထိုသုံးရက်လုံး သူတို့က ကုတင်ပေါ်မှာ လူးလိမ့်နေခဲ့တာကြောင့် ကုတင်ကြီးဟာ ကျက်သရေတုံးလှအောင် ညစ်ပတ်ပေတေနေလေပြီ။
ဘီတာတစ်ယောက်ဖြစ်ဖူးသူအတွက် အိုမီဂါရဲ့ဟိ့ဒ်အစစ်ကို ဖြတ်ကျော်ပြီးနောက်တွင် သေချင်စော်နံပြီး သူကိုယ်သူ ဒီလောက်ခံနိုင်မည်မှန်း မထင်ထားမိချေ။
YOU ARE READING
Beyond The Friendship(Completed)
General Fictionမိသားစုရဲ့ အတိတ်ဆိုးတွေနဲ့ traumatized ဖြစ်ခဲ့တဲ့ ဈာန်မျိုးဆက် Dominant Alphaငယ်လေးနဲ့ တက်ကြွကာ ရည်းစားရှုပ်ပြီး အီစီကလီကျွမ်းကျင်လွန်းတဲ့ ဘီတာကိုကြီးတို့ တွေ့ဆုံချိန်... ထူးခြားတဲ့ အတိတ်တွေရဲ့သော့ချက်ကို ကလဲ့စားချေမဲ့ Alphaလေးက ဘီတာကိုကြီးနဲ့အတူ မ...