BTF(14)

517 22 0
                                    

ယဉ်နမ်းရှိုက်ဦး POV

" ယဉ်နမ်းရှိုက်ဦး ဘယ်သွားမလို့လဲ "

ကျောင်းစိမ်းစကပ်ဖြင့် စာအုပ်များပိုက်ထားသော အမျိုးသမီးလေး‌က သူမထံ မကြည်လင်သည့်မျက်နှာဖြင့် လာနေသူကြောင့် စုတ်သတ်မိလိုက်သည်။

ဒီဈာန်မျိုးနွယ်စုတ်က ငါ့စီလာပြန်ပြီ!

" ဘာလဲ ငကြောင်ဈာန်... "
ယဉ်က လေသံခပ်မာမာဖြင့် ဂရုမစိုက်ချင်ဘဲ ငြိမ်နေရသည်။

" နှောင်းခေတ်မောင် ဘယ်မှာလဲ "

" ငပုနှောင်းက ငါ့သားမှ မဟုတ်တာ သူဘယ်မှာလဲ ငါဘယ်လိုလုပ် သိမှာလဲ "

သူမစကားကြောင့် ဈာန်မိုးဦးလှိုင်ဟာ လည်ပုသွား၏။ နှောင်းက သူ့ရဲ့ တစ်ဝမ်းကွဲညီ၊ ဆိုတော့ သူမသာ မအေဆို သူ့ဒေါ်လေးဟု တစ်ဖက်လမ်းမှ ပြောလိုက်လေခြင်း။

" ယဉ်နမ်းရှိုက်ဦး နင်က ငါ့ထက် အများကြီးငယ်တယ်၊ စကားကို ကြည့်ပြော! "

" ဒီမှာ ငကြောင်ဈာန်.. ငါပြောပါအုံးမယ်၊ နင်နှောင်းကို အသေရရ အရှင်ရရ နောက်က လိုက်နေရအောင် နင့်အတွက် ဘာများကောင်းကျိုးရလို့လဲ "

" နင်! နှောင်းခေတ်မောင်က ဈာန်မိသားစုရဲ့ မျက်နှာပျက်စရာ အမှိုက်ကောင်ပဲ! သူလိုလူမျိုးက ငါတို့လို သခင်လေးမျိုးနဲ့ မျိုးဆက်တူမနေသင့်ဘူး! "

" အဲ့ဒါနဲ့ နင်က သူ့နောက်လိုက်ပြီး တစ်ချိန်လုံး ညီချစ်အစ်ကိုကြီးလို ပြဿနာတွေ လိုက်ဖြေရှင်းပေးနေတယ်ပေါ့? "

ဒါကြီးက သေချာပေါက် အဆက်အစပ်မရှိတဲ့ အကြောရှည်မှုကြီးပဲ! ဒီဈာန်ငရူးက အရေထူးလွန်းတဲ့ tsudere ကောင်!
ယဉ်လေးက မျက်နှာရှုံကာ တွေးမိ၏။

" ယဉ်နမ်းရှိုက်ဦး နင်ဘာစကားတွေပြောနေတာလဲ! ငါက နှောင်းခေတ်မောင်အမှိုက်ကို မုန်းလို့၊ တမင်သူ့ဒုက္ခရောက်အောင် နောက်က လိုက်မွှေချင်ရုံပဲ! "

အမလေး ရိုးသားလိုက်တာ...

" အော်........ သူ့ကို လာပြဿနာရှာတဲ့ ဂျူနီယာအတန်းငယ်လေးတွေကို ပိတ်ထိုးပြီး နှောင်းခေတ်မောင်သွားမဲ့ နေရာသေးသေးလေးတွေကအစ အချိန်ဇယားနဲ့အတူ လိုက်တာက သူ့ကိုပြဿနာရှာချင်လို့ကိုး~ ဆန်းပြားလွန်းတဲ့ ရန်ငြိုးပါလား ငကြောင်ဈာန်ရယ် "

Beyond The Friendship(Completed)Where stories live. Discover now