BTF(36)

488 14 0
                                    

ညနေစောင်း မှောင်ရီတရောတွင် မင်းခပိုင်က ဆတ်ကနဲ နိုးလာခဲ့သည်။ သူက ပင်ပန်းနွမ်းနွယ်မှုကြောင့် အချိန်တော်တော်များများကို အိပ်စက်ခြင်းဖြင့် ကုန်ဆုံးနေပြီး သူနိုးထလာချိန်တိုင်းမှာ နာကျင်ကိုက်ခဲနေလျက် ဆိုးရွားသော စိတ်ခံစားချက်အပြောင်းအလဲများစွာ ဖြစ်လို့နေတတ်သည်။
လွန်ခဲ့သော နှစ်ရက်ကဆိုလျှင် ညီထံတွင် ဝမ်းနည်းတကြီး အော်ဟစ်ငိုကြွေးခဲ့ပြီး သိပ်မကြာခင်မှာပဲ စိတ်ဆတ်လာပြီး ညီ့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သည်။ ဒါတင်မကဘဲ နောက်ရက်မှာတော့ ညီကို မမြင်ချင်လောက်အောင် ဒေါသထွက်နေပြီး တစ်မနက်ခင်းလုံး လစ်လျူရှုထားခဲ့သည်။ ညနေစောင်းရောက်ပြန်တော့လည်း ညီက သူ့ကို ဂရုမစိုက်လို့ဆိုပြီး စိတ်အားငယ်ကာ ကွေးကွေးလေး ကြိတ်ငိုနေလို့ ညီက သူ့ကိုချော့သိပ်ခဲ့ရသေးသည်။

မင်းခပိုင်ခဗျာ ရှားပါးလှသည့် စိတ်တည်ငြိမ်ချိန်လေးတွင် သူ့ရဲ့အတိတ်ပုံရိပ်မှာ ဖလင်ပြားကြီးပေါ်တွင် ကွက်ကွက်ကွင်းကွင်းပေါ်လာပြီး သူ့မျက်နှာသူ အုပ်မိုးထားလိုက်မိသည်။

စောက်ရမ်းရှက်ဖို့ကောင်းတယ်!!

ကိုယ်ဝန်ဆောင်များက စိတ်အပြောင်းအလဲများတတ်ကြလေသည်။ အလားတူပဲ ဖော်မုန်းပြောင်းလဲနေသူကလည်း စိတ်ခံစားလွယ်ပြီး မတည်ငြိမ်တတ်ပေ။ သူက နှစ်မျိုးစလုံးဖြစ်နေတာကြောင့် နှစ်ဆယ့်လေးနာရီမှာ တစ်မိနစ်ကို စိတ်တစ်မျိုး ပြောင်းလဲနေခြင်းကြောင့် အလွန်တရာ ပင်ပန်းခြင်းကို ခံစားရသည်။ ဒါကြောင့်လည်း မကြာခဏ သူက အိပ်စက်ခြင်းကိုသာ လိုလားခဲ့မိသည်။

မင်းခပိုင်က နေဝင်တော့မည့် ပြတင်းပေါက်က ပုံရိပ်ကို ကြည့်ပြီး အနားတွင် တစ်ချိန်လုံးထိုင်စောင့်နေပေးတတ်သော ဘီတာ သူနာပြုမလေးကို မေးလိုက်သည်။

" ဒီနေ့ ညီ မလာဘူးလား? "

ပုံမှန်ဆို ညီက အလုပ်ရှုပ်လျှင်တောင် သူအနားမှာပဲ ထိုင်ပြီး တစ်ချိန်လုံးရှိနေတတ်သူပင်။ အိပ်ချိန်တစ်ခုပဲ သူက ဈာန်အိမ်ကို ပြန်သွားတတ်သည်။

" သခင်လေးနှောင်းခေတ်မောင်က ဒီနေ့ ဈာန်သခင်မကြီးရဲ့မွေးနေ့ပါတီပွဲရှိလို့ အလာနောက်ကျမယ် ပြောပါတယ် "

Beyond The Friendship(Completed)Where stories live. Discover now