ယဉ်နမ်းရှိုက်ဦးPOV
" ပါးပါး သမီး ရန်ကုန်ရောက်ပြီ သိလား "
မြန်မာ ဆန်ဆန် ရင်ဖုံးအကျီ နှင့် ဘယ်ဖုံးချီတ်ထဘီ ဆင်စွယ်ရောင်လေး ကို ဝတ်ဆင်ထားသည့် ယဥ်နမ်းရှိုက်ဦးသည် ရန်ကုန် မန္တလေး အဝေးပြေးလမ်းမအလွန်ရှိ အပန်းဖြေအိမ်လေးတစ်လုံးမှ ဖုန်းပြောရင်း ထွက်လာ၏။
သူမတို့က ရွာတွင်နေသည်ဟုသာ ပြောပေမဲ့ တကယ်တမ်းတော့ ရွာဘက်ရှိ ဧကနှင့်ချီသော ခြံကျယ်ကြီးတွင် အိမ်ဝန်းအပြည့်နှင့် နေထိုင်သည့် တောသူဌေးသားသမီးများပင်။" အေးးအေး.... ပါးပါး ကားစီစဥ်ပေးထားတယ် သမီးတို့ လည်လို့ရအောင် "
သူမ၏မိဘများသည် အယ်လ်ဖာအဖေနှင့် အိုမီဂါပါးပါးတို့ဖြစ်ပြီး သူတို့က အလွန်ချစ်တစ်တီးတူးတတ်ကြသော ချစ်လင်လင်များဖြစ်သည်။ ထိုကြောင့် သူမက ငယ်ငယ်ထဲက ရွာဘက်တွင် အိမ်စေအချို့နှင့် ပြောင်းနေတတ်ကာ ဖေဖေနှစ်ဦးထံတွင် အမြဲမနေချေ။
" ဟုတ်ကဲ့.... "
သနပ်ခါး ပါးကွက်ကြားလေးနှင့် ခါးလယ်လောက်ရှိသည့် ဆံနွယ်နက်များမှာ နူးညံ့ပျော့ပြောင်းစွာဖြင့် ယဥ်ယဥ်လေးနှင့် တစ်မျိုးဆန်းနေသည့် ယဥ်နမ်းရှိုက်ဦးသည် နှုတ်ခမ်းနီအကူ မပါသော ရဲရဲစိုနေသည့် နှုတ်ခမ်းငယ်လေးနှင့် ပြုံးလိုက်သည်။
" ပြီးတော့ သမီးမမေ့နဲ့နော် ခုချက်ချင်း သွားတွေ့လိုက်အုံး "
" ဟုတ်ကဲ့ xxx ကော်ဖီဆိုင်မလား သမီးအခု သွားလိုက်မယ် "
ရဲရင့်သည့် မျက်ဝန်းတောက်တောက်တစ်စုံဖြင့် မိမိ ကားဘက်သို့ ခေါင်းလေးဆောင်းကာ ဒါရိုက်ဘာ ဦးလေးစိုးနိုင် ထံ မျက်လုံးလေးမှိတ်ပြလိုက်သည်။
ယဥ်အား ငယ်ငယ်ကတည်းကပင် ထိန်းကျောင်းလာသည့် ဦးလေးစိုးမှာလည်း ပြုံးတုံးတုံးလေးဖြင့် အရိပ်အကဲနားလည်စွာ ကားစက်နှိုးလိုက်တော့သည်။
" အေးအေး.... ပါးပါး နောင်မှ ဖုန်းထပ်ခေါ်လိုက်မယ်... အခု အလုပ်တွေများနေတယ်.. ကမ်းခြေသွားရင်လည်း သတိထားအုံးနော် "
" ပါးပါးကလဲ ဘော်ဒီဂတ် တွေတောင် ထည့်ပေးထားတာ သမီးကြောက်စရာဘာမှကိုမရှိဘူး..... ပြီးတော့ ပါးပါးသမီးက ကရာတေးကစားတတ်ပါတယ်နော် "
YOU ARE READING
Beyond The Friendship(Completed)
General Fictionမိသားစုရဲ့ အတိတ်ဆိုးတွေနဲ့ traumatized ဖြစ်ခဲ့တဲ့ ဈာန်မျိုးဆက် Dominant Alphaငယ်လေးနဲ့ တက်ကြွကာ ရည်းစားရှုပ်ပြီး အီစီကလီကျွမ်းကျင်လွန်းတဲ့ ဘီတာကိုကြီးတို့ တွေ့ဆုံချိန်... ထူးခြားတဲ့ အတိတ်တွေရဲ့သော့ချက်ကို ကလဲ့စားချေမဲ့ Alphaလေးက ဘီတာကိုကြီးနဲ့အတူ မ...