BTF(31)

527 16 0
                                    

မင်းခပိုင်က တက်ဘလက်တစ်လုံးဖြင့် လေယာဉ်ပေါ်တွင် အီးမေးလ်တစ်ခုကို လေ့လာနေချိန်တွင် ဖြစ်၏။ သူတို့က နီပေါကို တိုက်ရိုက်မသွားခင် အလယ်တွင် တထောက်နားခဲ့ကြသေးတာ‌မို့၊ ထိုအချိန်ကပို့ထားခဲ့သည့် အီးမေးလ်ကို လေယာဉ်ပြန်မတက်ခင်တွင် သူ့ရဲ့လက်ထောက်တင်ပြထားသော အချက်အလက်များကို စစ်ဆေးချိန်ရခဲ့သည်။

" ဒီတခေါက် ကုမ္ပဏီဆီ တင်မဲ့ကျောက်တွေလား "

မိုးမင်းဧကရာဇ်က သူ့ရဲ့လက်လုပ်ကော်ဖီတစ်ခွက်နှင့်အတူ မင်းခရဲ့ သီးသန့်ခုံအကန့်စီ ရောက်လာခဲ့သည်။

" ဟုတ်တယ် "

" အော်... အဖေက မင်းကို သွားခိုင်းထားတာမဟုတ်ဘူးလား "

" ကိစ္စရှိတာနဲ့ မသွားဖြစ်တာမို့၊ ကျနော်လေ့ကျင့်ပေးထားတဲ့ အထူးလက်ထောက်ကိုပဲ လွှတ်လိုက်တာလေ "

" မင်းရဲ့ သူငယ်ဂျင်းလေးကြောင့် မဟုတ်ဘူးလား "

" အကိုကြီး... ဘာတွေပြောနေတာလဲ "

" ဟွင့်~ ငါထင်တော့ထင်သားပဲ ကျောင်းကို တစ်လမှတစ်ခေါက်ပဲ မျက်နှာသွားပြပြီး အောင်လက်မှတ်အတွက် စာမေးပွဲတန်းဖြေရင် ရတဲ့ဟာကို အလုပ်ရှုပ်ခံပြီး ကျောင်းစီနေ့တိုင်းသွားနေရတဲ့ အကြောင်းအရင်းက အဲ့သူငယ်ဂျင်းကြောင့်ပဲမလား... "

" အကိုကြီး မဟုတ်တာတွေစွပ်စွဲမနေနဲ့ "

" တိုက်ခန်းဌားမနေဘဲ အဲ့နုတ်စုတ်ဂုတ်စုပ်အိမ်မှာ သွားနေရတဲ့အကြောင်းရင်းကလည်း အဲ့ကောင်ကို မင်းကြိုက်နေလို့မလား.. "

မင်းခပိုင်က သူ့ကိုလာပြီး ဆွနေသော အကိုကြီးထံ မျက်စောင်းထိုးလိုက်သည်။ သူက တက်ဘလက်ကို ပိတ်ပြီး.....။

" ပထမအချက် ကျနော် ကျောင်းတက်ရတာက လူငယ်နိုင်ငံအဆင့်ပြိုင်ပွဲမှာ ဖလားယူဖို့အတွက်ဆိုရင် အထွေထွေတန်းသမားတွေကိုပဲ စိစစ်လို့၊ ဒုတိယအချက် သူက ကျနော့်လိုပဲ ဝါသနာတူတယ်၊ ကျနော့်ထက်တော်တဲ့သူမို့ သူ့ရဲ့ပုံစံကို သဘောကျပြီး သူအိမ်မှာ နေဖြစ်သွားတာပဲ "

" မင်းက အားကစားသမား မဖြစ်လာနိုင်ပါဘူး၊ မင်းလဲ ဖြစ်ချင်တာမှမဟုတ်ဘဲ.. စီးပွားရေးပဲ လုပ်စမ်းပါ "

Beyond The Friendship(Completed)Where stories live. Discover now