BTF(20)

670 16 2
                                    

ကလေးတစ်ယောက်လိုမျိုး ငြိမ်သက်နေပြီး မျက်နှာငယ်လေးဖြင့် အင်္ကျီစကို ဆုပ်ကိုင်ထားသူကြောင့် သဝဏ်စိတ်ထဲတွင် အလွန်တရာ စိတ်မကောင်းဖြစ်သွားမိသည်။
ကလေးသာသာ လူငယ်လေးက သူ့ရဲ့ သတိလက်လွတ်နေသောအချိန်ကို အခွင့်ကောင်းယူပြီး သူ့ရဲ့လက်ကို ဆောင့်ဆွဲလိုက်တာကြောင့် ခုတင်ပေါ် ငုတ်တုတ်ထိုင်ကျသွားသည်။

" မင်း ဘာလုပ်... "
သူ့စကားမပြီးခင်တွင် ရင်ခွင်သေးသေးလေးထဲကို သွေးများ ခြောက်ကပ်ပြီး ခဲနေသော နဖူးပြင်က တိုးဝှေ့လာခဲ့သည်။ သူက နွေးထွေးသည့် ရင်ခွင်ထဲ မှီခိုပြီး တိုးလျစွာ ဆို၏။

" ကျနော်နာတယ် ကိုကို "
သူ့အသံလေးက သတိလစ်တော့မလိုမျိုး အားအင်ချိနဲပြီး အယ်လ်ဖာလို့တောင် ထင်ရက်စရာမရှိဘူး။
သူက သူ့ရဲ့ အားအနည်းဆုံးဘက်ခြမ်းလေးကို ဖွင့်ပြလိုက်ကာ မျက်တောင်ရှည်တွေက ဦးညွတ်ပြီး မျက်ဝန်းများက မှိတ်ကျသွားသည်။
လုံခြုံသိမ်မွေ့သော ရနံ့သင်းသင်းလေးကြောင့် သူ့စိတ်ကို လျော့ထားမိသည်နေမည်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက နာကြင်မှု တစ်စိတ်စီတိုင်းကို အခုမှပဲ ပိုပြီး ခံစားမိလာရသည်။
ကလေး တစ်ယောက်ကဲ့သို့ ဆရာဝန်လူကြီးထံသို့ သူ့ရဲ့ ဒဏ်ရာတိုင်းကို လက်ညိုးထိုးပြကာ ငိုချလိုက်ချင်လာသည်။
သူ့ကို အနိုင်ကျင့်ခဲ့သော အယ်လ်ဖာကောင်ကြီးကိုလည်း လက်ညိုးထိုးပြီး ဆရာဝန်လေးဆီ တိုင်ပြောလိုက်ချင်သည်။ အခုထိ မျက်လုံးထဲတွင် မကျေနပ်သည့်စိတ်နှင့် မသိမသာ ရှုံးနိမ့်မှုကြောင့် သိမ်ငယ်စိတ်များ ဝင်ရောက်လာပြီး ဆရာဝန်လေးရဲ့ သေးငယ်သည့် ပခုံးလေးပေါ်တွင် အားကိုးတကြီး မှီခိုလိုက်သည်။
ထိုနောက် သူ့ရဲ့ အသံအိမ်လေးက အားပျော့တိုးလျစွာဖြင့် ...။

" ကျနော်ထားမသွားပါနဲ့ ကိုကို.... ကျနော်ကြောက်တယ် "

စကားသံဆုံးသည်နှင့် နန္ဒဟာ သတိလစ်သွားခဲ့သည်။
သူလောက်ဆိုးရွားသည့် ဒဏ်ရာများနှင့် လူကို ဆေးရုံမပို့ဘဲ သူ့(သဝဏ်ဦးလွှာ)ထံ ဖုန်းဆက်ခေါ်နေသေးသော နှောင်းခေတ်မောင်ကို သူ(သဝဏ်) စိတ်ထဲမှ ဆဲရေးတိုင်းထွာလိုက်သည်။
အနည်းဆုံးတော့ သူက လူကြီးလူကောင်းပီသသည့် လူယဉ်လေးမို့၊ အပြင်ဘက်တွင် ထုတ်မ‌ဆိုနိုင်ခဲ့ပေ။
သူက အလျင်အမြန်ပဲ၊ ဆေးရုံကားကိုခေါ်လိုက်ပြီး နန္ဒလင်းကို တွဲကူလျက်သား ဆေးရုံကို လိုက်သွားလိုက်တော့သည်။

Beyond The Friendship(Completed)Where stories live. Discover now