BTF(37)

549 17 2
                                    

ဈာန်ထွန်းရန်နိုင်ဦးရဲ့ ဇနီးသည်ဟာ ရိုးအပြီး သိမ်မွေ့သော မြန်မာဆန်ဆန် အိုမီဂါအမျိုးသမီးတစ်ဦးဖြစ်၏။
သူမက ချမ်းသာသောမိသားစုက မဟုတ်ဘဲ သာမန်ပညာတတ် အလယ်အလတ်တန်းစားထဲကဖြစ်သော်ငြား သူမရဲ့အိုမီဂါမျိုးရိုးဗီဇ အလွန်ကောင်းမွန်တာကြောင့် အိမ်တော်အဘိုးကြီးက သူမတို့လက်ထပ်မှာကို မကန့်ကွက်ခဲ့ဘူး။
သူမက မိသားစုရေးရာများကို ဘယ်တော့မှဝင်ပါလေ့မရှိဘူး။ သူမက အမြဲတမ်းဇနီးတစ်ယောက်တာဝန်၊ ချွေးမတစ်ယောက်တာဝန်နှင့် မိခင်တစ်ယောက်ရဲ့တာဝန်ဝတ္တရားများကိုသာ ကျေပွန်စွာ ဆောင်ရွက်လေ့ရှိသည်။ သူမတို့က တက္ကသိုလ်မှာချစ်ကြိုက်ခဲ့ကြပြီး ရှစ်နှစ်နီးပါးတွဲပြီးမှ လက်ထပ်ခဲ့ကြတာဖြစ်သည်။ ဒါကြောင့် သူမနှင့် ဈာန်ထွန်းရန်နိုင်ဦးတို့ရဲ့ သံယောဇဉ်ဟာ အလွန်ကိုခိုင်မြဲလေသည်။

သို့ပေမဲ့ တနေ့မှာ သူမအမျိုးသားက ပြောင်းလဲသွားခဲ့သည်။ အရင်လို သူမအပေါ် သိမ်မွေ့သည့် အကျင့်စရိုက်များမရှိတော့ဘဲ တဏှာမျက်လုံးများနှင့်သာ အမြဲတစေ စောင့်ကြည့်နေသည်ဟု သူမခံစားလာရသည်။ သူမက အမျိုးသားဖြစ်သူကို လေ့လာစူးစမ်းပြီး ဘယ်လိုပြောင်းလဲသွားသလဲဟု စုံစမ်းနိုင်သော ဇနီးမယားမဟုတ်လေဘူး။ ဘာလို့ဆို သူမက သိပ်ကို တုံးအလွန်း၏။ လူချမ်းသာတို့ရဲ့ ပတ်ဝန်းကျင်ကိုလည်း သူမလေ့လာခြင်းမပြုခဲ့ဘဲ သူမကိုယ်ပိုင်ကမ္ဘာလေးတွင်သာ ရောင့်ရဲတင်းတိမ်ပြီး ပျော်မွေ့ခဲ့တာကြောင့် သူမအမျိုးသားပြောင်းလဲချိန်တွင် သူမက အလုပ်ဖိအားကြောင့်ဟု တွေးထင်ခဲ့သည်။
တဖြည်းဖြည်းနှင့် သူမအမျိုးသားက သားအပေါ်ကိုလည်း ကြမ်းတမ်းလာခဲ့သည်။ အရင်ထဲက သားအပေါ် စည်းကမ်းတင်းကြပ်တတ်သူ ဖြစ်တာကြောင့် သူမက သားဖြစ်သူကို ပိုပြီး လေ့ကျင့်ပေးချင်နေတာဟု သတ်မှတ်ခဲ့ပြန်သည်။

အရင်အပတ်က မတိုင်ခင်ပေါ့....
လွန်ခဲ့တဲ့တစ်ပတ်ကစပြီး သူမဆီကို လူတစ်ဦးက သတင်းပေးခဲ့၏။ သူမအမျိုးသားဖောက်ပြန်နေသည်ဟု ဆို၍ သူမဆီကို ဓာတ်ပုံအမျိုးမျိုး ပို့ခဲ့သည်။ သူမက သူမအမျိုးသားကို ယုံကြည်တာကြောင့် တစ်စုံတစ်ယောက်က လုပ်ကြံနေတာဟု စဉ်းစားပြီး လစ်လျူရှုခဲ့သည်။ သို့ပေမဲ့ သံသယတစ်စိတ်တစ်ပိုင်းတော့ ရှိလာခဲ့သည်။ မြင်ပါများရင် လူတွေက အမှန်တရားဟု ယုံကြည်တတ်ကြ၏။
သူမလည်း ထိုနည်းတူပဲ။ သူမက သူမအမျိုးသားကို စောင့်ကြည့်ဖို့ အတွေးရှိလာသည်။
သူမ လူတချို့နဲ့ စောင့်ကြည့်ခဲ့သောအခါ သူမအမျိုးသားက ဖြူစင်တယ်ဆိုတာ သူမသိသွားခဲ့သည်။ ဒါကြောင့် သူမက ထိုလူကို ဘလော့ပစ်လိုက်၏။
သူမရဲ့ လူတချို့က သူမအမျိုးသားရဲ့အာဏာကို မကျော်လွန်နိုင်မှန်းတော့ သူမနားမလည်ခဲ့ဘူး။
သူမကိုယ်သူမ စိတ်လျော့လိုက်သည်။ စိတ်လျော့ပြီးခါမှ သူမအမျိုးသား အခြားလုပ်ရပ်တွေကို အမည်မသိဖုန်းနောက်တစ်ခုက ပို့လာပြန်သည်။
ဒီတကြိမ်မှာတော့ လူငယ်မိန်းကလေးတွေ၊ ယောကျာ်းလေးတွေကအစ နှိပ်စက်ခံနေရသော ပုံများ၊ လောင်းကစားဝိုင်းမှာ ပိုက်ဆံများစုပုံပြီး ရယ်ပြုံးနေသော ပုံများ၊ လိင်ဆက်ဆံနေသော ပုံများစသဖြင့် ကွက်ကွက်ကွင်းကွင်းဖြစ်မဲ့ ပုံမျိုးများကို ပို့လာခဲ့သည်။ သူမ အလွန်တရာကိုမှ ထိတ်လန့်သွားတော့သည်။ ဒီဓာတ်ပုံများက လိမ်နေတာလို့သာ သူမရွတ်ဆိုမိနေတော့သည်။
ဘယ်လိုပဲဖြစ်ဖြစ် လူများက ကိုယ်ယုံကြည်ချင်တာကိုပဲ ယုံကြည်တတ်သည်ကို။

Beyond The Friendship(Completed)Where stories live. Discover now