ဖော်မုန်းရနံ့ပေါင်းများစွာကို သယ်ဆောင်သွားသော လေညှင်းလေးဟာ လူအမြောက်အမြားအား တိုးဝှေ့ပြီး အထပ်မြင့်အဆောက်အဦးများထံ ပြေးတက်သွားသည်။ ထိုလေကြောင်းကို စုန်တက်ပြီး မောင်းနှင်သွားသော အနက်ရောင်ကားတစ်စီးထဲမှ သူက ကားပြတင်းပေါက်ကို တင်းတင်းစေ့ထားမိသည်ကို စိတ်သက်သာရာရသွားသည်။
ဖော်မုန်းလောကထဲမှာ ဖော်မုန်းတွေကို မုန်းတီးသူအဖြစ် ရှင်သန်ရသူအတွက်တော့ အချိန်တိုင်း၊ နေရာတိုင်းတွင် ကျဉ်းကျဉ်းကြပ်ကြပ်ဖြင့် အောင့်တီးအောင့်သက် ခံစားရလေ့ရှိသည်။" ဒီနေ့ ရာသီဥတုက တော်တော်ကောင်းတယ် ဘော့စ် "
နှောင်းရဲ့ ကားဒါရိုက်ဘာလေးဟာ တည်ငြိမ်ပြီး သက်တောင့်သက်တာရှိမနေသည့် သူ့ဘော့စ်လေးကို သတိမမူဘဲ စကားပြောမိလိုက်သည်။
နှောင်းဟာ အိမ်ပြန်ဖို့ အနည်းငယ် တွန့်ဆုတ်နေခဲ့တာမို့၊ ကျောင်းဆင်းသည်နှင့် ကုမ္ပဏီကိုတန်းသွားခဲ့သည်။ နန္ဒလင်းက ပြဿနာကို သေချာရှင်းပြခဲ့ခြင်းကြောင့် သူ့ခံစားချက်တွေ ငြိမ်သက်သွားခဲ့ပေမဲ့ ကြေအေးသွားခဲ့သည်တော့မဟုတ်ချေ။ အနည်းဆုံးတော့ အိမ်ရောက်တဲ့အခါ မင်းကို့ပိုင်နှင့် မျက်နှာချင်းဆိုင်မိရင် တောင့်တင်းသည့် လေထုဖြင့် ဒီလိုမလုပ်သင့်ကြောင်း ကြိမ်းမောင်းသင့်သည် ဟု တွေးထားခဲ့သည်။ကားဒါရိုက်ဘာလေးဟာ သူ့ရဲ့စကားလေး လစ်လျူရှုခံလိုက်ချိန်တွင် အနေအထိုင် ကြပ်တည်းသွားရသည်။ သူ့ဘော့စ်ရဲ့ စိတ်အခြေအနေကတော့ ညနေခင်းလေထုထက် ခက်ထန်နေဟန်ရှိသည်။
နက်ပြာရောင် တောက်လောင်နေသည့် ညကောင်းကင်ကြီးကို ကားဒါရိုက်ဘာလေးက မော့ကြည့်လိုက်သည်။ သူလို တက်ကြွသည့် extrovert လေးတစ်ယောက်က အေးစက်စက်ရေခဲတုံးလူငယ်လေးကို ဘော့စ်အဖြစ် ခေါ်ပြီး ဆက်ဆံနေရသည်မှာ ငရဲကျနေသလိုမျိုး စိတ်ထဲခံစားလိုက်ရသည်။နှောင်းက သူ့ရဲ့ တုံးအသော ကားဒါရိုက်ဘာကို မမြင်ချင်ယောင်ဆောင်ပြီး အိမ်တံခါးကို တွန်းဖွင့်လိုက်၏။ တစ်အိမ်လုံးမှောင်မည်းနေပြီး လေသံတစ်ချက်တောင် မကြားရရာ သူ့ကြက်သီးများတောင် တဖြန်းဖြန်းထောင်တက်သွားသည်။
(သာသာ - ဘစ်ဘော့စ်ကြီးတစ်ယောက် သရဲကြောက်နေပါပြီကွယ်)
YOU ARE READING
Beyond The Friendship(Completed)
General Fictionမိသားစုရဲ့ အတိတ်ဆိုးတွေနဲ့ traumatized ဖြစ်ခဲ့တဲ့ ဈာန်မျိုးဆက် Dominant Alphaငယ်လေးနဲ့ တက်ကြွကာ ရည်းစားရှုပ်ပြီး အီစီကလီကျွမ်းကျင်လွန်းတဲ့ ဘီတာကိုကြီးတို့ တွေ့ဆုံချိန်... ထူးခြားတဲ့ အတိတ်တွေရဲ့သော့ချက်ကို ကလဲ့စားချေမဲ့ Alphaလေးက ဘီတာကိုကြီးနဲ့အတူ မ...