BTF(41)

655 17 0
                                    

နှောင်းခေတ်မောင်ဟာ ဒုတိယထပ်ဆီက သက်သေများစွာ ရပြီးသည်နှင့် သူအရင်ဆုံးပြုလုပ်ချင်ခဲ့သည်မှာ သူ့အမေစီသို့ သွားရောက်ခြင်းပင်။ တေးရနံ့ထူးက ချက်ချင်းပဲ သူ့ထံသို့ ဆက်သွယ်ပြီး ငန်းဖြူလေလံရုံပိုင်ရှင်အဖြစ် ဆက်သွယ်ကာ သူ့အမေရဲ့အချက်အလက်များနှင့် သူတို့လှုပ်ရှားစောင့်ကြည့်နေပုံကို ပြောလာသည့်အခါ နှောင်းခေတ်မောင်က အနည်းငယ် စိတ်ငြိမ်သွားခဲ့သည်။ ထိုကြောင့် သူက တေးရနံ့ထူးထံ ရှယ်ယာရှင်အစည်းအဝေးနဲ့ကိုက်ပြီး သူ့အမေကို ကယ်တင်ဖို့ ‌အလုပ်အပ်ခဲ့ပြီး ဈာန်အိမ်တော်စီက သူ့ရဲ့ ညီလေးဖြစ်သူကို သွားရောက်တွေ့ဆုံခဲ့သည်။

သူက သူအမြဲဆန့်ကျင်ချင်ခဲ့‌သည့် နှင်းဆီရနံ့လေးများနှင့် အိုမီဂါညီလေးကို မြင်သည်နှင့် ဝမ်းနည်းလျက် စိတ်မကောင်းဖြစ်မိပြီး တင်းကြပ်စွာ ပွေ့ဖက်မိကာ တောင်းပန်ရင်း ငိုကြွေးခဲ့မိသည်။ သူအမြဲတမ်း ဒီကလေးကို မုန်းလို့မရသည့်အကြောင်းရင်း‌ကို သိတော့ ရုတ်တရက် သွေးသားတော်စပ်သည်ဟူသော စကားစုကိုတောင် ကျေးဇူးတင်မိသွားသည်။
သူက သူ့ညီလေးကို ချက်ချင်းပဲ အိမ်တော်ကနေ နေရာရွေ့ပြီး ‌သူ့ကိုယ်ပိုင်ဆေးရုံတစ်ခုစီ ခေါ်ဆောင်သွားခဲ့သည်။ ဘာလို့ဆိုရင် သူ့ညီလေးက ဦးနှောက်ချို့ယွင်းမှုဖြစ်စေတဲ့ ဆေးတချို့ကို သောက်သုံးနေရပြီး သူ့ဖော်မုန်းများကလည်း ကောင်းကောင်းမွန်မွန် မရှိတာကြောင့်ပင်၊ ဒါ့အပြင် ညီလေးက အမေရဲ့ကိုယ်ဝန်ဆောင်ချိန် မလုံလောက်ခဲ့တာကြောင့် အာဟာရချို့တဲ့ပြီး နေမကောင်းဖြစ်လွယ်တာကို သူနားလည်ခဲ့ရသည်။
နှောင်းခေတ်မောင်ကို အရင်ထဲက အမြင်ကောင်းရှိပြီး သဘောကျသည့် ကလေးငယ်လေးက သူ့အကိုလုပ်သမျှကို ခေါင်းငြိမ့်နာခံစွာဖြင့် လိုက်လျောပေးခဲ့သည်။ သူက ဘာမေးခွန်းမှ မမေးဘဲ တိတ်ဆိတ်စွာဖြင့် သူ့အကိုကို တစ်ချိန်လုံး တင်းကြပ်စွာ ဆုပ်ကိုင်‌ထားလေသည်။
သူကအမြဲတမ်း မိသားစုနွေးထွေးမှုဆိုတာကို မသိခဲ့သည့် ကလေးတစ်ယောက်မို့၊ သူ့အကို့ရဲ့ အလောတကြီးလုပ်ဆောင်ချက်များနှင့် ပွေ့ဖက်ယုယမှုများအပေါ် ရှက်ရွံ့နေလေသည်။
သူ့ရဲ့ခေါင်းသေးသေးလေးက ဘာလို့ သူ့အကိုက ရုတ်တရက်ကြီး သူ့ကိုဂရုစိုက်လာလဲဆိုတာကို နားလည်နိုင်လိမ့်မည်ကို မဟုတ်ချေ။ သူက ရိုးရိုးလေးပဲ လက်မောင်းဖွင့်ပြီး အကိုဖြစ်သူဆီက နွေးထွေးမှုမှန်သမျှ ‌ကြိုဆိုပေးလိုက်တော့သည်။ သူလဲ အဲ့တာကို သဘောကျတာပဲလေ။

Beyond The Friendship(Completed)Where stories live. Discover now