BTF(40)

615 17 0
                                    

ရှယ်ယာရှင်များက ဈာန်မျိုးနွယ်ရဲ့ အမှိုက်သခင်လေးကို နာမည်ပဲ ကြားဖူးပြီး လူကို မသိကြပေ။ အခုတော့ သူတို့အားလုံးက သေးငယ်သော အမှိုက်ထုပ်လေးရဲ့ အရှိန်အဝါအောက်တွင် မျက်ခုံးများကြုံ့ဝင်သွားကြတော့သည်။ ဒီလောက် မြင့်မားတဲ့အရှိန်အဝါနဲ့ ကိုယ်နေဟန်ထားတွေရှိတဲ့ သူက အမှိုက်လိုမျိုး တုံးအတယ်ဆိုတာကို သူတို့လုံးဝမယုံဘူး!

ဈာန်တွေက ဘာလား? မျက်စိကန်းနေကြတာလား?
သူတို့လိုသာမန်ကုမ္ပဏီသေးသေးလေးတွေတောင် ဒါကိုမြင်နိုင်နေတယ်ဟာကို သူတို့က ဘယ်လိုလုပ် စိန်တုံးထက် ချီးတုံးကို ဦးစားပေးနေကြတာလဲ?

" မင်္ဂလာပါ အဘိုးနဲ့ အဖေ~ "
နှောင်းက သခင်မရူးရူးနေသူကို မနှုတ်ဆက်ဘဲ သူနဲ့မသက်ဆိုင်သည့် သူတစ်ယောက်ကဲ့သို့ သူမထံ သူစိမ်းသက်သက် ဝေ့ကြည့်လိုက်သည်။

ဈာန်သခင်မကလည်း သူ့ကို မရှိသည့်အရာတစ်ခုကဲ့သို့ ဆက်ဆံပြီး....။
" ဒါက အရေးကြီးအလုပ်အစည်းအဝေးတစ်ခုပဲ၊ နင်လို အလုပ်မလုပ်တဲ့သူက လာတက်စရာအကြောင်းကိုမရှိဘူး "

" ဟော်~~ လာတက်စရာအကြောင်းမရှိပေမဲ့လဲ ကျွန်တော်လက်ထဲမှာ ရှယ်ယာတွေ ရှိနေတော့ မတက်လို့ ဘယ်ကောင်းပါ့မလဲ? "

နှောင်းက သူမတတ်နိုင်သည့်ကိစ္စတစ်ခုကို မေတ္တာရပ်ခံနေရဟန်နှင့် သန္တာမင်းမြတ်အနားတွင် ကပ်ထိုင်လိုက်သည်။ ဈာန်ဘိုးဘိုးရဲ့အကြည့်များဟာ စူးရှပြီး ချက်ချင်းပဲ သူက ပြဿနာကို မြင်တွေ့သွားတော့သည်။

သူအရမ်းကိုမှ လိုချင်တောင်းတရတဲ့ ဒိုမင်နမ့်ဗီဇက မိုးမခနဲ့ ပေါင်းသွားပြီဆိုတာပဲ။ သူက အရမ်းကို ခံပြင်းသွားသည်။ ဈာန်သွေးသားဖြစ်ရဲ့သားနဲ့ မိသားစုနဲ့မပူပေါင်းဘဲ သူစိမ်းလုပ်ငန်းစုစီ ပူပေါင်းတယ်ဆိုတာက တကယ်ကို ခံရခက်သည့် ပါးရိုက်ချက်ကြီးပင်။
သိပ်မကြာခင်မှာ ဂျင်ကလည်း အစည်းအဝေးခန်းမရှေ့ရောက်လာသည်။ ဈာန်ဘိုးဘိုးခဗျာ အရှေ့ကလို ဒေါသမဖြစ်တော့ဘဲ ဖင်တကြွကြွဖြစ်သွားပြီး BD စီးအီးအိုကြီးကို ပျူဌာစွာ ကြိုဆိုတော့သည်။ အခြားရှယ်ယာရှင်များကလည်း BD ရဲ့ စီးအီးအိုကိုယ်တိုင် ဒီအစည်းအဝေးထံ ပါဝင်လာတာကြောင့် သူတို့ရဲ့ ဒေါသတစ်ဝက်လောက်ဟာ ရှဲကနဲ ငြိမ်းကျသွားလေသည်။
ဈာန်က ဘယ်လောက် အောက်တန်းကျနေပါစေ၊ ဂရုစိုက်စရာလား? သူတို့ဂရုစိုက်တာက သူတို့ရဲ့ငွေတွေကို ဈာန်ထဲမှာ ထားထားခြင်းက ပိုက်ဆံ ပွားနိုင်သလား၊ မပွားနိုင်သလား ဆိုတာပဲ။ အခု Black Dragon စီအီးအိုက ရှယ်ယာရှင်အစည်းအဝေးထဲပါလာတယ်၊ ဒါက သူတို့ရှယ်ယာရှင်များအတွက် အားတက်စရာပဲ။ BDက ဘယ်လုပ်ငန်းစုကိုမှ မျက်စိထဲ ထည့်ခဲ့တာမဟုတ်ဘူး။
BDက သူတို့ကိုယ်သူတို့ အင်အားနည်းသလိုလိုနဲ့ ရေခဲတောင်ရဲ့ထိပ်ပိုင်းကိုပဲ ပြသထားခဲ့တယ်။ တကယ်တော့ BDရဲ့အာဏာက သူတို့ထင်ထားတာထက်တောင်မှ ကျယ်ပြန့်ပြီး ခိုင်ခံ့ကာ အဆုံးမရှိသည့် ပင်လယ်ပြင်ကြီးကဲ့သို့ပင်။ BDက ပြည်တွင်းမှာ ဈာန်နဲ့မိုးမခတို့ကို မယှဉ်နိုင်ပေမဲ့ ပြည်ပမှာတော့ သူတို့က ပြိုင်ဖက်ကင်းပဲ။ ဒါကြောင့်မို့ ဈာန်နဲ့မိုးမခက BDကို အသည်းအသန်လိုက်ကပ်နေကြခြင်းဖြစ်လေသည်။ သူတို့က ပြည်တွင်းမှာ နေရတာလုံလောက်နေပြီလေ၊ ပြည်ပကိုထိုးဖောက်ချင်လှပြီ။

Beyond The Friendship(Completed)Where stories live. Discover now