ကျောင်းရဲ့မုန့်စားဆင်းချိန်ဖြစ်၏။
အားကစားကွင်း မအားလပ်သည့်အချိန်မျိုးဖြစ်ပြီး လေ့ကျင့်ဖို့မဖြစ်နိုင်သောအခါတွင် မင်းကို့ပိုင်၊ နန္ဒလင်းနှင့် နှောင်းခေတ်မောင်တို့သုံးကောင်ဟာ ရေဘူးထောင်ဂိမ်းတစ်မျိုးကို သေသေချာချာကစားနေကြလေသည်။ဖြန်း! (ပါးရိုက်သံ)
နှောင်း - " ဟားးဟားး "
နန္ဒလင်း - " ဟဲ့ဟျောင့် မင်းခ! မင်းတအားမဆော်နဲ့လေကွာ နာတယ်ဟ! "
မင်းကို့ပိုင် - " ဒီလိုပဲဆော့ရတဲ့ဂိမ်းလေကွာ "
နန္ဒလင်း - " ဒီသောက်ရူးဂိမ်းကို ဘယ်သူထွင်တာတုန်းကွ "
သူတို့ကစားနေရသည်မှာ ရေဘူးကို ခုံစောင်းလေးအနားကပ်ပြီး ရအောင် ပစ်ထောင်ပြီး လဲကျလျှင် ပါးရိုက်ခံရသော ဂိမ်းဖြစ်၏။
ဆယ်ချီတွင် ခုနစ်ချီက နန္ဒရှုံးနေတာဖြစ်သော် သူ့ရဲ့ပါးရဲရဲကြီးနှစ်ဖက်ဟာ မင်းကို့ပိုင်ရဲ့ လက်ဝါးရာများပြည့်လို့နေ၏။ သုံးချီမှာတော့ မင်းကို့ပိုင်ရှုံးထားတာဖြစ်ပြီး အလားတူ နန္ဒက ပြန်ဆော်ထားတာပင်။
ထူးထူးခြားခြား ကံကောင်းနေသူလေး နှောင်းကတော့ တစ်ခါမှ မရှုံးသေးတဲ့အပြင် ပါးလည်း မရိုက်ရသေး။ မင်းကို့ပိုင်က သူ့ညီရဲ့လက်ကလေးကို နန္ဒရဲ့ စုတ်ပေနေသော မျက်နှာထံ အတင်မခံနိုင်ဆိုပြီး သူချည်းဆော်နေခဲ့သည်။
သူ့စိတ်ထဲမှာ သူကစားဖို့အတွက် ဝယ်လာသော ဂိမ်းစက်ကို အိမ်ထိလာလုသွားသည့် နန္ဒအား အခဲမကျေဖြစ်နေသည်သာ။ကြားထဲမှ ညီကတော့ ချောမောလှသည့် သူဌေးသားနှစ်ယောက်က နတ်ဘုရားရဲ့ ပြည့်စုံသည့်ဖန်တီးမှုကို အပြန်အလှန် ပိတ်ချနေသည်အား ကြည့်ရင်း အူတွေတောင်နာလာသည့်အပြင် သနားလည်းသနားဖို့ကောင်းလာ၏။
" အိုး ကျနော့်အလှည့်ပဲ "
" ညီ.. ဖိုက်တိုး~ "
" သောက်မြင်ကတ်ဖို့ကောင်းတယ်! လဲကွာ ငါချည်းရိုက်ခံရတာ မမျှတဘူး! "
ညီက ရေဘူးကို သာသာလေးပစ်တင်လိုက်သည်။ ရေဘူးက လေထဲတွင် သုံးခါလည်သွားပြီး ပြန်ကျလာကာ ခုံစောင်းကို ဘုတ်ကနဲ တင်သွားပြီး ဘယ်ညာ ယိမ်းနေလေသည်။
ထို့နောက် ငြိမ်ကျသွားကာ တည့်တည့်လေး ထောင်သွားသည်။
YOU ARE READING
Beyond The Friendship(Completed)
General Fictionမိသားစုရဲ့ အတိတ်ဆိုးတွေနဲ့ traumatized ဖြစ်ခဲ့တဲ့ ဈာန်မျိုးဆက် Dominant Alphaငယ်လေးနဲ့ တက်ကြွကာ ရည်းစားရှုပ်ပြီး အီစီကလီကျွမ်းကျင်လွန်းတဲ့ ဘီတာကိုကြီးတို့ တွေ့ဆုံချိန်... ထူးခြားတဲ့ အတိတ်တွေရဲ့သော့ချက်ကို ကလဲ့စားချေမဲ့ Alphaလေးက ဘီတာကိုကြီးနဲ့အတူ မ...