" ဟေးးး အကိုကြီး ရွစိန်နှောင်းခေတ်မောင်ရေ ကားရောက်ပြီရှင့် ..... "
မိန်းကလေးတိုင်းဟာ ယဥ်နမ်းရှိုက်ဦးလို အာပြဲပါသလား အိမ်ရှေ့ရောက်တာနဲ့ တစ်ရပ်ကွက်လုံးကြားအောင် အော်ခေါ်ရတာဟာ သူမအတွက် အနှစ်သာရ ရှိနေ၍များလား....ဒီတိုင်း မေးကြည့်ရုံပါ......
အမိုးလွတ် ကားအလတ်စားတစ်စီးတွင် ဒူးပြတ်ဂျင်းဘောင်းဘီ အပြဲတစ်ထည်နှင့် ခါးတို ဝါကြင့်ကြင့် ရှပ်ကလေးဝတ်ဆင်ထားပြီး နေထိုးလိုက်သည့်အခါ ဝင်းကနဲ လက်သွားတတ်သည့် သူမအသားအရေမှာ ဒီနေ့ သင်္ကြန်ပြီးရင်တော့ မဲလုံးဖြစ်တော့မယ်နဲ့တူသည်။ ကမ်းခြေကလည်း မနက်ဖြန်ညနေသွားမှာဆိုတော့ ဟင်းးးး ပြန်လာရင် ယဉ်စိန်မ သေချာပေါက် မြေခွေးမဲလုံးမ ဖြစ်ပြီ.......။
နှောင်းခေတ်မောင်သည် ကိုယ့်အတွေးနှင့်ကိုယ် ပြုံးပျော်စွာဖြင့် အိမ်တံခါးလေး သော့ခတ်ကာ ကားဆီသို့ ခုန်ဆွခုန်ဆွ ပြေးလာမိသည်။
" လာပါပြီ ကြက်တူရွေးယဥ်စိန်မရယ် "
ယဥ်စိန်နှင့် အလားတူ ဒူးခေါင်းအုပ်ရုံကလေးရှိသည့် ဘောင်းဘီအပြာကလေးနှင့် အဖြူရောင် ရှပ်အကျီအရှည်ကလေးကို အထဲထည့်ဝတ်ထားပြီး ဖုန်းကလေးကို ရေစိုခံအိတ်စလွယ်သိုင်းလေးတွင်ထည့်ကာ ကားပေါ်သို့ ခုန်တက်သည်။
ကားပေါ် တက်ပြီးချင်း ယဥ်စိန်ဘေးတွင် နေရာယူကာ ရေသိပ်အပက်မခံရမည့် ထောင့်တစ်ထောင့်ကို ခန့်မှန်းရွေးချယ်လိုက်သည်။
ဟင်.....သူက........
" ယဉ် သူက..... "
အနက်ရောင် bad type ဝမ်းဆက်ဘောင်းဘီရှည်ပွယောင်းယောင်း နှင့် အဖြူရောင် Highlight ဖောက်ထားသည့် ဆံနွယ်ရှည်များဟာ ဂုတ်နောက်တွင် စုစည်းထားလျက်ဖြင့် တွေ့ဖူးသယောင်ယောင်ရှိသည့် လူတစ်ဦး......
" အော် ငါမိတ်ဆက်ပေးဖို့မေ့နေတာ.... ဒါက ငါ့အဖေ ကုမ္ပဏီပါတနာတစ်ဦးရဲ့ သားလေ နာမည်က မင်းကို့ပိုင် တဲ့.....ခိ..ခိ.... ခန့်ချောကြီးနော်... နင်ကြွေသွားပြီမလား "
တခိခိနဲ့ လက်ပုတ်ရယ်သည့် သူမမှာ ကျွန်တော် နဲ့ အဲ့ဒီအကို အရင်ကတည်းက တွေဖူးပြီးသားလို့ပြောရင် ယုံမဲ့ပုံ မဟုတ်ဘူး......
YOU ARE READING
Beyond The Friendship(Completed)
General Fictionမိသားစုရဲ့ အတိတ်ဆိုးတွေနဲ့ traumatized ဖြစ်ခဲ့တဲ့ ဈာန်မျိုးဆက် Dominant Alphaငယ်လေးနဲ့ တက်ကြွကာ ရည်းစားရှုပ်ပြီး အီစီကလီကျွမ်းကျင်လွန်းတဲ့ ဘီတာကိုကြီးတို့ တွေ့ဆုံချိန်... ထူးခြားတဲ့ အတိတ်တွေရဲ့သော့ချက်ကို ကလဲ့စားချေမဲ့ Alphaလေးက ဘီတာကိုကြီးနဲ့အတူ မ...