ရနံ့တွေ......
မွှေးရနံ့ပေါင်းများစွာနဲ့ ဖန်တီးထားတဲ့ လှောင်အိမ်တစ်ခု။
ဂျိန်း!! (သံတံခါးပိတ်သံ)" သားငယ်လေးက အယ်လ်ဖာလား~ ဟယ် ထူးဆန်းလိုက်တာနော်၊ အစ်မတို့လင်မယားနှစ်ယောက်လုံးက ဘီတာတွေမလား "
အယ်လ်ဖာ၊ ဘီတာ၊ အိုမီဂါဆိုတဲ့ အညွှန်းများနှင့် သမတီစရာကောင်းသည့် ပန်းအနံ့ပေါင်းများစွာကို ကျုပ်စိတ်ကုန်နေပြီ.....။
" အမေ... သား အနံ့တွေကို မုန်းတယ် "
" အမေ တောင်းပန်ပါတယ်၊ မကာကွယ်နိုင်ပေးခဲ့လို့တောင်းပန်ပါတယ် သားရယ် "
" ဟင့်! အဲ့အနံ့တွေကို ဝေးဝေးသွားခိုင်း!! သားမုန်းတယ်!! မလာနဲ့!! အနားကို မလာကြပါနဲ့! "
ဘာလို့ ...... ဘာလို့ ငါ့ကို လာထိနေကြရတာလဲ!
မထိနဲ့! ငါ့အသားကို မထိနဲ့ ... ရွံ့ဖို့ကောင်းတဲ့ အနံ့တွေနဲ့ မထုတ်နဲ့!မထိနဲ့!! ငါ့ကို မထိနဲ့လို့!!
" နှောင်း... နှောင်း!! ထပါအုံး "
" ဟ့! "
နှောင်းခေတ်မောင်ဟာ စာရေးစားပွဲပေါ်တွင် ခေါင်းစောင်းအိပ်နေရင်းမှ ချွေးစေးများစွာ စိုရွဲလျက် နိုးထလာခဲ့လေသည်။ သူ့ကိုအပေါ်မှ အုပ်မိုးကြည့်နေသော အစ်မ ယိမ်းနွဲ့မူသည် မျက်ခုံးလေးများပင့်လျက် အလွန်အမင်းစိုးရိမ်ပူပန်နေကာ နှောင်းပခုံးကို ကိုင်လှုပ်လေသည်။
" နင်အိမ်မက်ဆိုးတွေ မက်နေပြန်ပြီမလား "
ယိမ်းနွဲ့မူက နှောင်းရဲ့ ဘေးနားခုံတန်းအလွတ်တွင် ဝင်ထိုင်လိုက်ပြီး သူမထဘီစကို ဆွဲစေ့လိုက်၏။
မနက်တုန်းက စာမေးပွဲရှိလို့ဆိုပြီး အလျင်အမြန် ပြေးလာမိရင်း ချော်လဲကာ သူမရဲ့ ထဘီအတွင်းသားများက ကွဲထွက်ခဲ့လေသည်။ ပြန်လဲရန်အချိန်က မမှီတော့သဖြင့် စာမေးပွဲသာ ဝင်ဖြေလိုက်ပြီး အပြန်တွင် သူမ၏ အိမ်နီးချင်းမောင်ငယ်လေးကို ဝင်ခေါ်ပေးရလေသည်။နှောင်းခေတ်မောင်က အထက်တန်း ပထမနှစ်ကျောင်းသားဖြစ်ပြီး သူမက နောက်ဆုံးနှစ်ကျောင်းသူဖြစ်သည်။ သူတို့က မူလတန်းထဲက တစ်ကျောင်းထဲ အတူတက်လာသည့်အပြင် အထက်တန်းအထိ ကျောင်းတူတူဖြစ်နေခဲ့သည်။
နှောင်းက ငယ်ရွယ်၏။ သူက ခန္ဓာကိုယ်ကျစ်ကျစ်လစ်လစ်မရှိဘဲ အသားညိုညို၊ မျက်မှန်ဝိုင်းတပ်လေ့ရှိသော အရပ်ငါးပေရှိရုံ ကောင်လေးတစ်ယောက်ဖြစ်သည်။
ထိုကြောင့် သူက Dominant Alphaတစ်ယောက်ဖြစ်သော်လည်း omegaတစ်ယောက်နှင့်အမြဲ မှားခံရသည်။ စကားမစပ်၊ သူမကလည်း alphaတစ်ယောက် ဖြစ်ပြီး အသက်နှင့်မလိုက်အောင် သေးကွေးသူပင်ဖြစ်ပေသည်။
YOU ARE READING
Beyond The Friendship(Completed)
General Fictionမိသားစုရဲ့ အတိတ်ဆိုးတွေနဲ့ traumatized ဖြစ်ခဲ့တဲ့ ဈာန်မျိုးဆက် Dominant Alphaငယ်လေးနဲ့ တက်ကြွကာ ရည်းစားရှုပ်ပြီး အီစီကလီကျွမ်းကျင်လွန်းတဲ့ ဘီတာကိုကြီးတို့ တွေ့ဆုံချိန်... ထူးခြားတဲ့ အတိတ်တွေရဲ့သော့ချက်ကို ကလဲ့စားချေမဲ့ Alphaလေးက ဘီတာကိုကြီးနဲ့အတူ မ...