BTF(43) Final

2K 21 3
                                    

ငါးလပိုင်း သုံးရက်နေ့မှာ မင်းခပိုင်က နေ့လည်စာစားရင်းဖြင့် ဗိုက်နာလာခဲ့သည်။ သူ့ဗိုက်က အခုမှ ရှစ်လပြည့်ဖို့ ဆယ်ရက်တောင် လိုသေးတဲ့အပြင် ဆေးရုံတက်ဖို့ကိုလည်း ရှစ်လပြည့်ပြီးမှဟု စီစဉ်ထားခဲ့ကြလေသည်။
သို့ပေမဲ့ ကလေးတွေက သူတို့ထင်ထားတာထက်တောင်မှ ပို၍စောပြီး ထွက်လာချင်ကြသောကြောင့် စီးပွားရေးမိသားစုကြီးနှစ်ခုလုံးက လှုပ်လှုပ်ရှားရှားဖြစ်လို့သွားသည်။

ဆေးရုံရဲ့ မွေးခန်းအရှေ့တွင် မိုးမခဘိုးဘိုးကြီးပါ လာရပ်စောင့်နေပြီး မိုးမခသခင်ကြီး၊ သခင်မကြီးအပြင် သခင်လေး တစ်နဲ့ စီးပွားရေးမိုးမခနတ်ဆိုးတို့ပါ ရှိနေကြသည်။ ထိုညီအစ်ကိုနှစ်ယောက်က ခရမ်းပြာရောင်မျက်နှာဖြင့် တစ်ယောက်တလှည့် နံရံကို ခေါင်းနဲ့ဆောင့်နေကြပြီး ရူးသွပ်ချင်နေကြပုံရသည်။ မစည်းလုံးစဖူး ညီအစ်ကိုနှစ်ယောက်က ဒီအချိန်မှာ တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်ထားသေး၏။
ဒါတင်မကသေးဘဲ လက်ရှိ ဈာန်အိမ်တော်သခင်ကြီးနဲ့ BD လုပ်ငန်းစုက လုပ်ငန်းခွဲ စီးအီးအိုနှစ်ယောက်ကပါ မွေးခန်းရှေ့တွင် ရှိနေကြသည်။ လူတစ်ယောက်စီတိုင်းက မျက်နှာအမျိုးမျိုးဖြစ်နေကြပြီး နောက်ဆုံးတွင် အလွန်ကို စိုးရိမ်ပူပန်နေကြသည်သာဖြစ်လေသည်။ ‌ဆရာဝန်များဆိုလျှင် ချွေး‌များရွှဲပြီး လက်တုန်နေမိကာ ဒီနေ့ပြီးလျှင် သူတို့အသက်တောင်ရှုနိုင်ပါ့မလားမသိတော့ချေ။

မင်းခပိုင်က ရိုးရိုးမွေးသဖြင့် နှောင်းခေတ်မောင် ဝင်ခွင့်ရခဲ့၏။
ဆရာဝန်များလုပ်ကိုင်နေသည်ကို အလယ်က လိုက်ကာခြားထားသည်ကြောင့် မမြင်ရပေ။ သို့ပေမဲ့ နာကြင်မှုကြောင့် စက္ကူပါးလေးကဲ့သို့ ဖြူဖျော့ပြီး ညည်းညူနေသည့် အော်သံများကြောင့် နှောင်းခေတ်မောင်က အိုမီဂါလေးရဲ့လက်ကို တင်းတင်းဆုပ်ပြီး သူ့ရဲ့အသေဖိကိုက်ထားသော နှုတ်ခမ်းပါးများကို လက်ဖြင့် ဆွဲခွာပေးမိသည်။

" မကြောက်ပါနဲ့ မောင်ရှိတယ်.. မောင်အနားမှာ ရှိတယ် "

နှောင်းခေတ်မောင်က တုန်ယင်စွာဖြင့် မင်းခပိုင်ရဲ့လက်လေးကို တင်းတင်းဆုပ်ထားမိသည်။ မင်းခပိုင်ရဲ့ လက်က ချွေးများဖြင့် ချောကျိနေပေမဲ့ သူတို့နှစ်ယောက်ရဲ့လက်များက သံဂဟေဆက်ထားသကဲ့သို့ ဆက်နွယ်နေကြသည်။ မင်းခပိုင်က တစ်ချက် အော်မိတိုင်း နှောင်းခေတ်မောင်ရဲ့ အသက်ရှုသံများက နှေးကွေးသွားပြီး သူ့နှလုံးသားတစ်ခုလုံး ရပ်တန့်သွားသလို ခံစားနေရသည်။ သူရဲ့တစ်ကိုယ်လုံးက သွေးမရှိလောက်အောင် ဖြူစုတ်လာပြီး ရေခဲတုံးတစ်ခဲကဲ့သို့ အေးစက်လာသည်။
မင်းခပိုင်ရဲ့မျက်ရည်စများကို ခပ်ဖွဖွနမ်းပြီး ' ဘာမှမဖြစ်ပါဘူး ' ဟု တစ်ချိန်လုံးရွတ်ဆိုနေမိသည်။ ထိုစကားက သူ့ချစ်သူအတွက် နှစ်သိမ့်ပေးသည်လား၊ သူကိုယ်သူအတွက်ပဲ ရေရွတ်နေမိတာလားဆိုတာကို သူမသိတော့ဘူး။ သူအရမ်းကို ထိတ်လန့်နေရသည်။ မင်းခပိုင်ရဲ့ မျက်နှာလေးမှာ နာကျင်မှုများကြောင့် ရှုံ့မဲ့သွားတိုင်း သူအသက်ရှုအောင့်ထားမိပြီး သူကိုယ်သူ အသက်ရှုနေတယ်လို့တောင် မခံစားမိတော့ဘူး။
မင်းခပိုင်ရဲ့ နာကြင်မှု‌တိုင်းကို ငေးကြည့်ပြီး သူကမ္ဘာတစ်ခုလုံး ပြိုလဲသွားသလိုပဲ....။

Beyond The Friendship(Completed)Where stories live. Discover now