လူခြေတိတ်သော VIPအခန်းကျယ်ကြီးထဲမှာ ဖြူဖျော့စွာဖြင့် အိပ်ဆေးကြောင့် အနားယူနေသော လူငယ်လေးဟာ အသက်ကလေးနှစ်ခုကို သယ်ဆောင်ပြီး လေးလံစွာ အသက်ရှုနေလေသည်။ ထိုလူငယ်ရဲ့ အကြောစိမ်းများဖြာထွက်နေသော လည်ဂုတ်မှာ အရေပြားများက အနီရောင်သန်းနေပြီး ဂလင်းတစ်ခုကို ကြိုးကြိုးစားစားဖြင့် ပုံဖော်ပြုပြင်နေကြသည်။ အခန်းရဲ့ နေရာတိုင်းမှာလည်း သူ့ရဲ့မတည်ငြိမ်သော ဖော်မုန်းအစအနလေးများက မသိမသာ လွင့်မြောနေပြီး တစ်စုံတစ်ရာကို လွမ်းဆွတ်ကာ ဝမ်းနည်းနေပြီး စိတ်ဓာတ်ကျဖွယ်ကောင်းလောက်အောင် ငြိမ်သက်နေကြသည်။
လူငယ်လေးဟာ ရုတ်တရက်ကြည့်လိုက်လျှင် အလွန်အထီးကျန်ဆန်ပြီး စို့နင့်ဖွယ်ကောင်းသော ပတ်ဝန်းကျင်မျိုးတွင် အိပ်ပျော်နေသော မင်းသားလေးကဲ့သို့ ဖြစ်နေ၏။နှောင်းခေတ်မောင်က အခန်းရောက်ပြီးပြီးချင်း နက်ရှိုင်းသော သက်ပြင်းကို ရှိုက်မိလိုက်သည်။
ဖော်မုန်း... သူအမြဲ သတိထားမိနေတဲ့ ရေမွှေးရနံ့ဟာ အရင်ကထက် သိသိသာသာ သန်မာလာခဲ့လေပြီ။ ဒါက အကို့ရဲ့ ရနံ့ပေါ့... ငါဘယ်လောက်တောင်မှ တုံးအခဲ့ရတာလဲ?သူက နှေးကွေးသော ခြေလှမ်းများနှင့် အိပ်စက်နေသူရဲ့အနားတွင် ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။ လမ်းတလျှောက်လုံးကို ပြေးလွှားလာခဲ့တာကြောင့် ချွေးစများစီးကျနေပြီး သူ့ပုံစံက ဖရိုဖရဲနဲ့ ကိုရို့ကားယားဖြစ်လို့နေသည်။ သို့ပေမဲ့ ဒိုမင်နမ့်တစ်ယောက်အနေဖြင့် ခန့်ညားနေဆဲ...။
သူက ဖော်မုန်းများကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားရင်း တံတွေးတစ်လုတ်ကို မနည်းမျိုချလိုက်ရသည်။
အကိုက အခုစိတ်ချရတဲ့အခြေအနေမှာ ရှိပေမဲ့ သူ့ရဲ့ မကောင်းဆိုးဝါးဖော်မုန်းတွေကြောင့် အသစ်ဖွဲ့စည်းနေသော ဂလင်းကို ထိခိုက်သွားမှာ ကြောက်ရွံ့နေမိသည်။ နှောင်းက သူ့နှုတ်ခမ်းကို တင်းတင်းကြပ်ကြပ် စေ့ပိတ်ထားပြီး ဆေးပိုက်သွင်းထားသော လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။အေးကနဲဖြင့် သူ့ရဲ့စိတ်အစုံနှင့် ရင်ဘတ် ဘယ်အုံတခြမ်းလုံးဟာ စိတ်သက်သာရာရပြီး သူ့ရဲ့အိမ်လေးကို ရှာတွေ့သွားသည်။
*ဒုတ် ဒုတ် ဒုတ် ဒုတ်.....
နွေးထွေးပြီး လုံခြုံတဲ့ နေရာလေး၊ ဘာကိုမှ သတိထားနေစရာမလိုဘဲ၊ ဘာကိုမှဟန်ဆောင်နေစရာမလိုဘဲ အရှိကို အရှိအတိုင်း နေနိုင်မဲ့ သူ့ရဲ့ ကိုယ်ပိုင်နေရာလေးတစ်ခု...။
YOU ARE READING
Beyond The Friendship(Completed)
قصص عامةမိသားစုရဲ့ အတိတ်ဆိုးတွေနဲ့ traumatized ဖြစ်ခဲ့တဲ့ ဈာန်မျိုးဆက် Dominant Alphaငယ်လေးနဲ့ တက်ကြွကာ ရည်းစားရှုပ်ပြီး အီစီကလီကျွမ်းကျင်လွန်းတဲ့ ဘီတာကိုကြီးတို့ တွေ့ဆုံချိန်... ထူးခြားတဲ့ အတိတ်တွေရဲ့သော့ချက်ကို ကလဲ့စားချေမဲ့ Alphaလေးက ဘီတာကိုကြီးနဲ့အတူ မ...