" ခေတ်အိန္ဒြေနှောင်း! ညည်း ခုချက်ချင်းရပ်စမ်း! "
မင်းခပိုင်သည် မျက်လုံးများစူးရဲနေပြီး ရေစိုတဘတ်တစ်ထည်ကိုင်လျက် အော်လိုက်၏။ သူက ဧည့်ခန်းခုံများရှေ့တွင် တောင့်တောင့်ကြီး ရပ်နေပြီး မျက်နှာချင်းဆိုင်တွင် သူ့ဒူးလောက် အရွယ်ရှိသည့် ကလေးမလေးက ပတ်ပြေးနေရင်း ရယ်မောနေသည်။
" ခစ်ခစ်~ "
မင်းခပိုင်က သမီးလေးသွားမဲ့လမ်းကို ကြိုပိတ်ကာ ဆိုဖာခုံများပေါ်ကို ခုန်တက်လိုက်ရသည်။ ထိုအခါ ကလေးမလေးက ဆိုဖာခုံများနှင့် ဝေးရာကို ပြေးပြီး အပေါ်ထပ် လှေကားကို ကုတ်ဖက်တက်ပြန်သည်။
" ညည်းကိုရပ်လို့! ငါပြောနေတယ်လေ! ရပ်စမ်း! အမျိုးသမီးလေး ဖြစ်ပြီး ဘယ်လိုလုပ် အင်္ကျီမပါဘဲ ပတ်ပြေးနေရတာလဲ? ညည်းမရှက်ဘူးလား! "
" ခစ်ခစ် မရဘူး "
သမီးလေးက လှေကားလေးထစ်လောက်ကို ဒူးထောက်တက်ပြီး ပြန်ဖြေလိုက်သည်။ မင်းခပိုင်ခဗျာ ချွေးဒီးဒီးကျအောင် နောက်က လိုက်ဖမ်းနေရရင်း လှေကားပေါ်က သမီးလေးပြုတ်ကျမှာကိုလည်း စိတ်ပူလိုက်ရသည်။
သူများအိမ်က သမီးတွေတော့မသိပါဘူး၊ သူ့မှာတော့ ဒီသမီးတစ်ယောက်နဲ့ ခေါင်းမွှေးပြောင်ချင်နေပြီ။ သမီးလေးက ငယ်ငယ်ထဲက အသံကျယ်လောင်ပြီး ဆူညံ့လွန်းသည့် ကလေးတစ်ယောက်ဖြစ်သည်။ မွေးတုန်းကလည်း နေ့နှင့် ညမှားနေ၍ ညတိုင်း နှောင်းနှင့်သူ့မှာ မအိပ်ရပေ။ အသက်ကလေးရပြီး လမ်းလျှောက်တက်ချိန်လည်းရောက်ရော ကမ္ဘာအပြေးသမားကဲ့သို့ နေရာတိုင်းကို လျှောက်ပြေးနေတော့တာပဲ၊ စူးစူးဝါးဝါးအသံပေါင်းစုံကို အော်ဟစ်ပြီး ငိုရင်လည်း ခုနစ်အိမ်၊ရှစ်အိမ် ကြားရလောက်သည်အထိ အသံပါဝါကောင်းလေ၏။
" ဘာကို မရတာလဲ!! ခေတ်အိန္ဒြေနှောင်း! သုံးနှစ်ရှိပြီး ညည်းခုထိ မရဘူး ကလွဲရင် ဘာမှမပြောတတ်ဘူး! အချိန်တိုင်း လျှောက်ပြေးနေဖို့ပဲ ညည်းတတ်တယ်.... ဟဲ့ ခုချက်ချင်း ရပ်မလား မရပ်ဘူးလား ညည်းစားမဲ့ ရေခဲမုန့်ကို မောင်လေးဆီ ကျွေးပစ်မှာနော် "
YOU ARE READING
Beyond The Friendship(Completed)
Ficción Generalမိသားစုရဲ့ အတိတ်ဆိုးတွေနဲ့ traumatized ဖြစ်ခဲ့တဲ့ ဈာန်မျိုးဆက် Dominant Alphaငယ်လေးနဲ့ တက်ကြွကာ ရည်းစားရှုပ်ပြီး အီစီကလီကျွမ်းကျင်လွန်းတဲ့ ဘီတာကိုကြီးတို့ တွေ့ဆုံချိန်... ထူးခြားတဲ့ အတိတ်တွေရဲ့သော့ချက်ကို ကလဲ့စားချေမဲ့ Alphaလေးက ဘီတာကိုကြီးနဲ့အတူ မ...